Skip to content
GitHub

Fonts & Text

အရေးကြီးသော Font Properties

Section titled “အရေးကြီးသော Font Properties”

1. Font Family (ဖောင့်အမျိုးအစား)

Section titled “1. Font Family (ဖောင့်အမျိုးအစား)”

ဘယ် Font သုံးမလဲ သတ်မှတ်တာပါ။ ကွန်ပျူတာမှာ မရှိရင် အဆင်ပြေအောင် အရန် Font တွေပါ ထည့်ရေးလေ့ ရှိပါတယ်။

body {
font-family: "Helvetica Neue", Arial, sans-serif;
}

2. Font Size (စာလုံးအရွယ်အစား)

Section titled “2. Font Size (စာလုံးအရွယ်အစား)”

စာလုံး အကြီးအသေး သတ်မှတ်တာပါ။ px (pixels) သို့မဟုတ် rem (relative unit) ကို သုံးလေ့ရှိပါတယ်။

h1 {
font-size: 32px; /* ခေါင်းစဉ်ကြီး */
}
p {
font-size: 16px; /* ပုံမှန် စာသား */
}

3. Font Weight (စာလုံးအထူအပါး)

Section titled “3. Font Weight (စာလုံးအထူအပါး)”

စာလုံးကို Bold (အထူ) လုပ်ချင်ရင် သုံးပါတယ်။

.bold-text {
font-weight: bold; /* သို့မဟုတ် 700 */
}

Text Alignment (စာသား နေရာချခြင်း)

Section titled “Text Alignment (စာသား နေရာချခြင်း)”

စာသားတွေကို ဘယ်၊ ညာ၊ အလယ် ထားဖို့ text-align ကို သုံးပါတယ်။

h1 {
text-align: center; /* အလယ်တည့်တည့် */
}
p {
text-align: justify; /* ဘယ်ညာ ညီအောင် ညှိမယ် */
}

Text Decoration (စာသား အလှဆင်ခြင်း)

Section titled “Text Decoration (စာသား အလှဆင်ခြင်း)”

Link တွေအောက်က မျဉ်းကြောင်း (Underline) ကို ဖျောက်ချင်ရင် အသုံးများပါတယ်။

a {
text-decoration: none; /* မျဉ်းကြောင်း ဖျောက်မယ် */
}
a:hover {
text-decoration: underline; /* Mouse တင်မှ မျဉ်းကြောင်း ပေါ်မယ် */
}