Skip to content
GitHub

Gradients (အရောင်ပြေး)

Linear Gradient (အတန်းလိုက် အရောင်ပြေး)

Section titled “Linear Gradient (အတန်းလိုက် အရောင်ပြေး)”

သူက အရောင်တစ်ခုကနေ နောက်အရောင်တစ်ခုကို တစ်တန်းတည်း (Linear) ဖြည်းဖြည်းချင်း ပြောင်းလဲသွားတဲ့ ပုံစံပါ။ သူ့ကို သုံးချင်ရင် background-color မှာ သုံးလို့မရဘဲ background-image မှာ သုံးပေးရပါတယ်။

.box {
/* အပေါ်ကနေ အောက် (Default) */
background-image: linear-gradient(red, yellow);
}
.box-right {
/* ဘယ်ကနေ ညာ */
background-image: linear-gradient(to right, blue, purple);
}
.box-diagonal {
/* ထောင့်ဖြတ် (၄၅ ဒီဂရီ) */
background-image: linear-gradient(45deg, #ff9a9e, #fad0c4);
}

Radial Gradient (အဝိုင်းလိုက် အရောင်ပြေး)

Section titled “Radial Gradient (အဝိုင်းလိုက် အရောင်ပြေး)”

သူကကျတော့ Linear လို တစ်တန်းတည်း မဟုတ်ဘဲ၊ အလယ်ဗဟိုကနေ ဘေးဘက်ကို အဝိုင်းပုံစံ (Radial) ဖြာထွက်သွားတဲ့ Gradient မျိုး ဖြစ်ပါတယ်။

.circle {
background-image: radial-gradient(circle, yellow, red);
}
Gradient Example