Pseudo-elements
::before နှင့် ::after
Section titled “::before နှင့် ::after”Element တစ်ခုရဲ့ အရှေ့ဘက် (::before) နဲ့ အနောက်ဘက် (::after) နေရာတွေမှာ မိမိလိုချင်တဲ့ Content တစ်ခုခုကို ထည့်သွင်းပေးတာပါ။
ဒီနေရာမှာ အရေးကြီးတာက content: "" ဆိုတဲ့ Property က မပါမဖြစ် ပါကိုပါရပါမယ်။ မပါရင် အလုပ်မလုပ်ပါဘူး။
/* ခေါင်းစဉ်ရှေ့မှာ မီးတောက်လေး ထည့်မယ် */h1::before { content: "🔥"; margin-right: 10px;}
/* စာကြောင်းဆုံးရင် "Read More" လို့ ထည့်မယ် */.excerpt::after { content: " Read More..."; color: blue; font-size: 0.8em;}
အလှဆင်ရာတွင် အသုံးပြုခြင်း
Section titled “အလှဆင်ရာတွင် အသုံးပြုခြင်း”content: "" ကို ဘာစာမှမရေးဘဲ အလွတ်ထားခဲ့ပြီး၊ သူ့ကို Width တွေ Height တွေ သတ်မှတ်ပေးကာ မိမိစိတ်ကြိုက် လှပတဲ့ ဒီဇိုင်းလေးတွေ ဖန်တီးလို့လည်း ရပါသေးတယ်။
/* Button ပေါ်မှာ Mouse တင်ရင် အောက်က မျဉ်းကြောင်းလေး ပြေးလာတာမျိုး */.nav-link { position: relative;}
.nav-link::after { content: ""; position: absolute; bottom: 0; left: 0; width: 0%; height: 2px; background-color: red; transition: width 0.3s;}
.nav-link:hover::after { width: 100%; /* Hover လုပ်ရင် မျဉ်းကြောင်းက အပြည့် ဖြစ်သွားမယ် */}
အခြား Pseudo-elements
Section titled “အခြား Pseudo-elements”::first-letter- စာပိုဒ်တစ်ခုရဲ့ ပထမဆုံး စာလုံးလေး တစ်လုံးတည်းကိုပဲ ရွေးချယ်တာပါ။ (သတင်းစာတွေမှာလို Drop Cap ဒီဇိုင်းမျိုး လုပ်ချင်ရင် သုံးပါတယ်)::first-line- စာပိုဒ်ရဲ့ ပထမဆုံး စာကြောင်း တစ်ကြောင်းလုံးကို ရွေးချယ်တာပါ။::selection- User က စာသားတွေကို Mouse နဲ့ ဖိဆွဲပြီး Select မှတ်လိုက်တဲ့ အချိန်မှာ ပေါ်လာမယ့် Highlight အရောင်ကို ပြောင်းချင်တဲ့အခါ သုံးပါတယ် ခင်ဗျာ။
p::selection { background-color: yellow; color: black;}