Skip to content
GitHub

Colors & Backgrounds

Colors (စာလုံးအရောင်)

Section titled “Colors (စာလုံးအရောင်)”

စာသားတွေရဲ့ အရောင်ကို ပြောင်းချင်တယ်ဆိုရင် color Property ကို အသုံးပြုနိုင်ပါတယ်။

CSS မှာ အရောင်တွေကို သတ်မှတ်ဖို့ အဓိက နည်းလမ်း (၃) မျိုး ရှိပါတယ် -

  1. Color Name: red, blue, green လိုမျိုး အရောင်နာမည်တွေကို တိုက်ရိုက် ခေါ်သုံးတာပါ။ (ဒါကတော့ အလွယ်တကူ စမ်းသပ်ဖို့အတွက် အကောင်းဆုံးပါ)
  2. Hex Code: #FF0000, #000000 လိုမျိုး Code တွေနဲ့ ရေးတာပါ။ (မိမိလိုချင်တဲ့ အရောင် အတိအကျကို သုံးချင်ရင် ဒါကို အသုံးများပါတယ်)
  3. RGB: rgb(255, 0, 0) လိုမျိုး အနီ (Red)၊ အစိမ်း (Green) နဲ့ အပြာ (Blue) အရောင်သုံးခုကို ရောစပ်ပြီး သုံးတဲ့နည်းလမ်း ဖြစ်ပါတယ်။
h1 {
color: tomato; /* Color Name */
}
p {
color: #333333; /* Hex Code */
}
color examples

Element တစ်ခုရဲ့ နောက်ခံ (Background) ကို ပြောင်းလဲချင်ရင်တော့ background-color သို့မဟုတ် background-image ကို သုံးလို့ရပါတယ်။

body {
background-color: #f0f0f0; /* တစ်မျက်နှာလုံး မီးခိုးရောင်ဖျော့ဖျော့ */
}
.card {
background-color: white;
}
card background

ပုံတစ်ပုံကို နောက်ခံအဖြစ် ထည့်ချင်တယ်ဆိုရင်တော့ url() ကို သုံးပြီး ပုံရှိတဲ့ လမ်းကြောင်း (Path) ကို ညွှန်းပေးရပါတယ်။

.hero-section {
background-image: url('hero-bg.jpg');
background-size: cover; /* ပုံကို အပြည့်ဖြန့်မယ် */
background-position: center; /* ပုံကို အလယ်တည့်တည့် ထားမယ် */
}
background image