Animations (လှုပ်ရှားမှုများ)
Step 1: Keyframes ကြေညာခြင်း
Section titled “Step 1: Keyframes ကြေညာခြင်း”Animation လုပ်တော့မယ်ဆိုရင် အရင်ဆုံး အဲဒီ Animation အတွက် ဇာတ်ညွှန်း (Keyframes) ကို အရင် ရေးဆွဲပေးရပါတယ်။ ပြီးရင် အဲဒီ Keyframes ကို နာမည်တစ်ခုခု ပေးထားရပါမယ်။
@keyframes bounce { 0% { transform: translateY(0); } 50% { transform: translateY(-20px); /* အပေါ် ခုန်တက် */ } 100% { transform: translateY(0); /* ပြန်ကျ */ }}Step 2: Animation ကို ခေါ်သုံးခြင်း
Section titled “Step 2: Animation ကို ခေါ်သုံးခြင်း”Keyframes ဇာတ်ညွှန်း ရေးပြီးသွားပြီဆိုရင်တော့၊ အဲဒီ Animation ကို သုံးချင်တဲ့ Element ဆီမှာ animation Property ကို အသုံးပြုပြီး သွားချိတ်ဆက်ပေးရပါမယ်။
.ball { width: 50px; height: 50px; background-color: red; border-radius: 50%;
/* Name, Duration, Timing, Iteration */ animation: bounce 1s infinite;}- bounce: ဒါက ကိုယ်ချိတ်ဆက်ချင်တဲ့ Keyframe ရဲ့ နာမည်ပါ။
- 1s: Animation တစ်ခါ အလုပ်လုပ်ရင် ၁ စက္ကန့် အချိန်ယူမယ် လို့ ဆိုလိုတာပါ။
- infinite: ဒီ Animation ကို ရပ်မသွားဘဲ အဆုံးမရှိ (Loop) ဆက်တိုက် လုပ်နေစေချင်တာပါ။
- alternate: (ဒါကတော့ မထည့်လည်း ရပါတယ်) သူက Animation ကို အသွားအပြန် လုပ်စေတာပါ။ (ဥပမာ - ကြီးသွားလိုက်၊ ပြန်သေးလာလိုက်)။