Margin & Padding
Padding (အတွင်းအကွာအဝေး)
Section titled “Padding (အတွင်းအကွာအဝေး)”သူက Content နဲ့ Border ကြားမှာရှိတဲ့ နေရာလွတ် ဖြစ်ပါတယ်။ အကယ်၍ Background Color သာ ထည့်ထားမယ်ဆိုရင် အဲဒီ Padding နေရာအထိပါ အရောင် ဝင်သွားမှာ ဖြစ်ပါတယ်။
.button { padding: 10px 20px; /* အပေါ်အောက် 10px, ဘယ်ညာ 20px */ background-color: blue; color: white;}Margin (အပြင်အကွာအဝေး)
Section titled “Margin (အပြင်အကွာအဝေး)”သူကတော့ Element တစ်ခုနဲ့ နောက် Element တစ်ခု ကြားမှာရှိတဲ့ နေရာလွတ် ဖြစ်ပါတယ်။ Background Color ထည့်ရင်တောင် သူက အရောင်မဝင်ပါဘူး (အဖြူထည် နေရာလွတ် အနေနဲ့ပဲ ရှိနေမှာပါ)။
.card { margin-bottom: 20px; /* အောက်ဘက်မှာ 20px ခွာမယ် */}ရေးနည်း အတိုကောက် (Shorthand)
Section titled “ရေးနည်း အတိုကောက် (Shorthand)”Margin သို့မဟုတ် Padding မှာ တန်ဖိုး (၄) ခုကို တစ်တန်းတည်း ပေးမယ်ဆိုရင်၊ နာရီလက်တံ လည်တဲ့အတိုင်း (အပေါ်၊ ညာ၊ အောက်၊ ဘယ်) အစဉ်လိုက် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။
/* Top Right Bottom Left */margin: 10px 20px 15px 5px;
/* Top/Bottom | Left/Right */padding: 10px 20px;
/* All sides */margin: 10px;Auto Margin (အလယ်ပို့ခြင်း)
Section titled “Auto Margin (အလယ်ပို့ခြင်း)”Block Element တစ်ခုကို ဘယ်ညာ အလယ်တည့်တည့် (Center) ရောက်သွားစေချင်တယ်ဆိုရင်တော့ margin: 0 auto; ကို အသုံးပြုနိုင်ပါတယ် ခင်ဗျာ။
.container { width: 800px; margin: 0 auto; /* အပေါ်အောက် 0, ဘယ်ညာ Auto (အလယ်ရောက်မယ်) */}