Skip to content
GitHub

Transforms (ပုံသဏ္ဍာန်ပြောင်းခြင်း)

1. Rotate (လှည့်ခြင်း)

Section titled “1. Rotate (လှည့်ခြင်း)”

Element ကို လှည့်ချင်တဲ့အခါ သုံးပါတယ်။ တန်ဖိုးကိုတော့ ဒီဂရီ (deg) နဲ့ သတ်မှတ်ပေးရပါတယ်။

.box:hover {
transform: rotate(45deg); /* ၄၅ ဒီဂရီ လှည့်မယ် */
}

2. Scale (ချဲ့ခြင်း/ချုံ့ခြင်း)

Section titled “2. Scale (ချဲ့ခြင်း/ချုံ့ခြင်း)”

Element ကို ချဲ့တာ၊ ချုံ့တာတွေ လုပ်ချင်ရင် သုံးပါတယ်။ သူ့ရဲ့ မူလအရွယ်အစားကို 1 လို့ သတ်မှတ်ထားပါတယ်။ 1 ထက် ကြီးတဲ့ တန်ဖိုးပေးရင် ပိုကြီးလာမှာဖြစ်ပြီး၊ 1 ထက် ငယ်တဲ့ တန်ဖိုးပေးရင် ပိုသေးသွားမှာပါ။

.box:hover {
transform: scale(1.2); /* ၂၀% ပိုကြီးသွားမယ် */
}

3. Translate (နေရာရွှေ့ခြင်း)

Section titled “3. Translate (နေရာရွှေ့ခြင်း)”

သူ့ရဲ့ သဘောတရားက position: relative နဲ့ နေရာရွှေ့တာနဲ့ ခပ်ဆင်ဆင် တူပေမဲ့၊ transform နဲ့ ရွှေ့တာက Browser အတွက် Performance ပိုကောင်းပါတယ်။ ဒါကြောင့် Animation တွေ လုပ်တဲ့အခါ position ထက် transform ကိုပဲ ဦးစားပေး သုံးသင့်ပါတယ်။

.box:hover {
transform: translateY(-10px); /* အပေါ်ကို 10px တက်သွားမယ် */
}

ဒါကတော့ Element ကို ပုံမှန် လေးထောင့်ကနေ စောင်း (Skew) သွားအောင် လုပ်ချင်တဲ့အခါမှာ သုံးပါတယ်။

.box {
transform: skewX(20deg);
}
CSS Transform Examples