Skip to content
GitHub

CSS Variables

CSS မှာ Variable တွေကို ကြေညာမယ်ဆိုရင် အရှေ့ကနေ -- (Dash နှစ်ခု) ခံပြီး ကိုယ်ပေးချင်တဲ့ နာမည်ကို ပေးလို့ရပါတယ်။ များသောအားဖြင့် အဲဒီ Variable တွေကို :root (HTML Document တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ နေရာ) မှာ ကြေညာလေ့ ရှိပါတယ်။

:root {
--primary-color: #007bff; /* အဓိက အပြာရောင် */
--text-color: #333;
--spacing-md: 16px;
}

ကြေညာထားတဲ့ Variable တွေကို ပြန်သုံးချင်တဲ့အခါမှာတော့ var() ဆိုတဲ့ Function လေးကို အသုံးပြုပြီး ပြန်ခေါ်ပေးရပါတယ်။

button {
background-color: var(--primary-color);
color: white;
padding: var(--spacing-md);
}
h1 {
color: var(--primary-color); /* ဒီမှာလည်း အပြာရောင်ပဲ သုံးထားတယ် */
}

ဘာလို့ သုံးသင့်လဲ?

Section titled “ဘာလို့ သုံးသင့်လဲ?”
  1. Maintainability: နောက်ပိုင်း Code တွေ ပြန်ပြင်ရတာ အရမ်း လွယ်ကူသွားပါတယ်။ (အထူးသဖြင့် Website ကို Dark Mode လုပ်ချင်တဲ့ အခါမျိုးမှာ အရမ်းကို အသုံးဝင်ပါတယ်)
  2. Readability: Code ဖတ်ရတာ ပိုရှင်းသွားပါတယ်။ ဥပမာ #007bff ဆိုတဲ့ အရောင်ကုဒ်ကြီးကို မြင်နေရတာထက်၊ --primary-color လို့ နာမည်လေးနဲ့ မြင်ရတာက ဘာအတွက် သုံးထားတာလဲ ဆိုတာကို ချက်ချင်း နားလည်ရ ပိုလွယ်ကူစေပါတယ် ခင်ဗျာ။