Skip to content
GitHub

Shadows (အရိပ်များ)

Element တစ်ခုလုံးကို အရိပ်ချတာပါ။ တန်ဖိုး (၄) ခု နဲ့ အရောင် လိုပါတယ်။ offset-x (ဘယ်ညာ), offset-y (အပေါ်အောက်), blur-radius (ဝါးမယ့်ပမာဏ), spread-radius (အရိပ်အရွယ်အစား - Optional)

.card {
/* x-offset, y-offset, blur, color */
box-shadow: 5px 5px 10px rgba(0, 0, 0, 0.2);
padding: 10px;
border-radius: 5px;
}
  • 5px (x): ညာဘက်ကို 5px ရွေ့မယ်။
  • 5px (y): အောက်ဘက်ကို 5px ရွေ့မယ်။
  • 10px (blur): အရိပ်ကို ဝါးဝါးလေး ဖြစ်စေမယ် (ဒါမှ သဘာဝကျမှာပါ)။
  • rgba(…): အရောင် (အမည်းရောင်ကို Opacity 0.2 နဲ့ သုံးတာ ပိုလှပါတယ်)။
Box Shadow Example

Text Shadow (စာလုံး အရိပ်)

Section titled “Text Shadow (စာလုံး အရိပ်)”

စာသားတွေကို အရိပ်ချတာပါ။ ခေါင်းစဉ်ကြီးတွေမှာ သုံးရင် လှပါတယ်။

h1 {
text-shadow: 2px 2px 4px #000000;
}
Text Shadow Example