Skip to content
GitHub

Colors & Backgrounds

Colors (စာလုံးအရောင်)

Section titled “Colors (စာလုံးအရောင်)”

စာသားတွေရဲ့ အရောင်ကို ပြောင်းဖို့ color property ကို သုံးပါတယ်။

အရောင်သတ်မှတ်နည်း (၃) မျိုး ရှိပါတယ်:

  1. Color Name: red, blue, green (အလွယ်တကူ စမ်းဖို့ ကောင်း)
  2. Hex Code: #FF0000, #000000 (အတိအကျ လိုချင်ရင် သုံး)
  3. RGB: rgb(255, 0, 0) (အနီ၊ အစိမ်း၊ အပြာ ရောစပ်ပုံ)
h1 {
color: tomato; /* Color Name */
}
p {
color: #333333; /* Hex Code */
}
color examples

Element တစ်ခုရဲ့ နောက်ခံကို ပြောင်းဖို့ background-color သို့မဟုတ် background-image ကို သုံးပါတယ်။

body {
background-color: #f0f0f0; /* တစ်မျက်နှာလုံး မီးခိုးရောင်ဖျော့ဖျော့ */
}
.card {
background-color: white;
}
card background

ပုံတစ်ပုံကို နောက်ခံအဖြစ် ထားချင်ရင် url() နဲ့ ညွှန်းပေးရပါတယ်။

.hero-section {
background-image: url('hero-bg.jpg');
background-size: cover; /* ပုံကို အပြည့်ဖြန့်မယ် */
background-position: center; /* ပုံကို အလယ်တည့်တည့် ထားမယ် */
}
background image