Local & Remote Projects ချိတ်ဆက်ခြင်း
အဆင့် (၁): GitHub တွင် Repository အသစ် ဖန်တီးခြင်း
Section titled “အဆင့် (၁): GitHub တွင် Repository အသစ် ဖန်တီးခြင်း”- GitHub.com သို့ သွားပြီး Login ဝင်ပါ။
- ညာဘက် အပေါ်ထောင့်က ”+” ကို နှိပ်ပြီး “New repository” ကို ရွေးပါ။
- Repository name တစ်ခု ပေးပါ (ဥပမာ -
my-first-repo)။ - Visibility ကို “Public” ရွေးပါ။
- “Create repository” ကို နှိပ်ပါ။
- ပြီးရင် GitHub က ပေးလာတဲ့ URL (ဥပမာ -
https://github.com/YourUsername/my-first-repo.git) ကို Copy ကူးထားပါ။
အဆင့် (၂): Local Repo နှင့် Remote ချိတ်ဆက်ခြင်း
Section titled “အဆင့် (၂): Local Repo နှင့် Remote ချိတ်ဆက်ခြင်း”git remote add Command က Local Repository ကို GitHub Repository နဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
git remote add <nickname> <remote-url><nickname>: Remote အတွက် အလွယ်ခေါ်မယ့် နာမည် (များသောအားဖြင့်originလို့ သုံးလေ့ရှိပါတယ်)<remote-url>: အဆင့် (၁) က Copy ကူးထားတဲ့ URL
ဥပမာ:
git remote add origin https://github.com/YourUsername/my-first-repo.gitအဆင့် (၃): ချိတ်ဆက်မှု စစ်ဆေးခြင်း
Section titled “အဆင့် (၃): ချိတ်ဆက်မှု စစ်ဆေးခြင်း”Terminal မှာ git remote -v လို့ ရိုက်ပြီး စစ်ဆေးနိုင်ပါတယ်။ origin နာမည်နဲ့ GitHub URL တွေက “fetch” နဲ့ “push” ဆိုပြီး (၂) ကြောင်း ပြနေရင် ချိတ်ဆက်မှု အောင်မြင်သွားပါပြီ ခင်ဗျာ။