Skip to content
GitHub

Merge Conflicts များကို ဖြေရှင်းခြင်း

Merge Conflict ဆိုတာ ဘာလဲ?

Section titled “Merge Conflict ဆိုတာ ဘာလဲ?”

Merge Conflict ဆိုတာ Branch နှစ်ခုကနေ တူညီတဲ့ ဖိုင်ရဲ့ တူညီတဲ့ နေရာကို တစ်ယောက်တစ်မျိုးစီ ပြင်ထားတဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဥပမာ - စာကြောင်း တစ်ကြောင်းတည်းကို မတူညီတဲ့ ပုံစံနဲ့ ပြင်ထားတာမျိုးပါ။ အဲ့ဒီအခါ Git က ဘယ်ဟာကို ယူရမလဲ မဆုံးဖြတ်နိုင်တော့ပါဘူး။

Conflict ဖြစ်ကြောင်း ဘယ်လို သိနိုင်မလဲ?

Section titled “Conflict ဖြစ်ကြောင်း ဘယ်လို သိနိုင်မလဲ?”

Merge လုပ်လိုက်တဲ့အခါ Conflict ရှိနေရင် Git က Terminal မှာ ချက်ချင်း အသိပေးပါတယ်။ git status လို့ ရိုက်ကြည့်ရင်လည်း Conflict ဖြစ်နေတဲ့ ဖိုင်တွေကို အနီရောင်နဲ့ တွေ့ရမှာပါ။

Conflict ဖြေရှင်းနည်း

Section titled “Conflict ဖြေရှင်းနည်း”
  1. ဖိုင်ကို ဖွင့်ပါ: Git က Conflict ဖြစ်နေတဲ့ နေရာတွေကို <<<<<<<, =======, >>>>>>> စတဲ့ အမှတ်အသားတွေနဲ့ ရှင်းရှင်းလင်းလင်း ပြထားပေးပါတယ်။
  2. ပြင်ဆင်ပါ: ဘယ် Code ကို ယူမလဲ ဆုံးဖြတ်ပြီး ပြင်ဆင်ပါ။ ပြီးရင် <<<<<<<, =======, >>>>>>> အမှတ်အသားတွေ အားလုံးကို ဖျက်ပစ်ရပါမယ်။
  3. Staging သို့ ထည့်ပါ: ဖြေရှင်းပြီးသား ဖိုင်ကို git add <ဖိုင်နာမည်> နဲ့ Staging Area ထဲ ပြန်ထည့်ပါ။
  4. Commit လုပ်ပါ: နောက်ဆုံး အဆင့်အနေနဲ့ git commit ကို သုံးပြီး Merge လုပ်ငန်းစဉ်ကို အပြီးသတ်နိုင်ပါတယ် ခင်ဗျာ။ (Git က Commit Message ကို အလိုအလျောက် ဖန်တီးပေးထားမှာ ဖြစ်ပါတယ်)
merge conflict