Skip to content
GitHub

Repository များကို ကူးယူခြင်း (Cloning)

Cloning ဆိုတာ အွန်လိုင်းပေါ်မှာ ရှိနေတဲ့ Repository တစ်ခုလုံးကို ကိုယ့် ကွန်ပျူတာထဲ ကူးယူလိုက်တာကို ဆိုလိုပါတယ်။ ၎င်းတွင် -

  • ဖိုင်များ အားလုံး
  • Commit မှတ်တမ်းများ အားလုံး (History)
  • Branch များ အားလုံး
  • Remote နှင့် ချိတ်ဆက်မှု (origin အဖြစ် အလိုအလျောက် ချိတ်ဆက်ပေးခြင်း) စတာတွေ ပါဝင်ပါတယ်။

ဘာကြောင့် Clone လုပ်ကြသလဲ?

Section titled “ဘာကြောင့် Clone လုပ်ကြသလဲ?”
  1. ရှိပြီးသား Project တစ်ခုမှာ စတင် ပါဝင် အလုပ်လုပ်ချင်တဲ့အခါ
  2. Open-source Project တွေကို ဝင်ရောက် ကူညီ ရေးသားချင်တဲ့အခါ
  3. အဖွဲ့ဝင်တွေရဲ့ Code ကို ကိုယ့်စက်ထဲမှာ ကြည့်ရှု လေ့လာချင်တဲ့အခါ

အခြေခံ Command ပုံစံ:

Bash
git clone <remote-url>

လုပ်ဆောင်ရန် အဆင့်များ

Section titled “လုပ်ဆောင်ရန် အဆင့်များ”
  1. Repository URL ရယူပါ: GitHub, GitLab စတဲ့ Website တွေကနေ "Code" သို့မဟုတ် "Clone" ခလုတ်ကို နှိပ်ပြီး URL ကို Copy ကူးယူပါ။
  2. Terminal ဖွင့်ပါ: ကူးယူချင်တဲ့ နေရာ (Folder) ဆီကို သွားပါ (ဥပမာ - cd Documents/)။
  3. Clone လုပ်ပါ: အောက်ပါ Command ကို ရိုက်ထည့်ပါ -
Bash
git clone https://github.com/SomeUser/SomeAwesomeProject.git

ဒီ Command က Project အမည်နဲ့ Folder အသစ်တစ်ခု အလိုအလျောက် ဖန်တီးပြီး၊ Repository တစ်ခုလုံးကို အဲ့ဒီထဲ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

လက်တွေ့ စမ်းသပ်ကြည့်ရန်

Section titled “လက်တွေ့ စမ်းသပ်ကြည့်ရန်”

GitHub မှာ စိတ်ဝင်စားစရာကောင်းတဲ့ Repository တစ်ခုကို ရှာပြီး HTTPS clone URL ကို Copy ကူးပါ။ ပြီးရင် Terminal မှာ git clone <URL> လို့ ရိုက်ပြီး ရလာတဲ့ Folder ကို ဖွင့်ကြည့်ပါ။ Repository တစ်ခုလုံး ကိုယ့်စက်ထဲ အပြည့်အစုံ ရောက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ခင်ဗျာ။