ကိုယ့်အလုပ်တွေကို Project ထဲ ထည့်သွင်းခြင်း - PR ကို Merge လုပ်ခြင်း
Green Light: Approval နှင့် Merging
Section titled “Green Light: Approval နှင့် Merging”Reviewers တွေက သဘောတူပြီ၊ လိုအပ်တဲ့ Automated Tests (အလိုအလျောက် စစ်ဆေးမှုတွေ) အားလုံးလည်း အောင်မြင်သွားပြီဆိုရင် PR ကို Approve လုပ်ပေးလိုက်ပါပြီ။
ဘယ်သူတွေက Merge လုပ်တာလဲ?
Section titled “ဘယ်သူတွေက Merge လုပ်တာလဲ?”များသောအားဖြင့် Repository မှာ Merge Rights ရှိတဲ့သူ (PR ဖွင့်သူ ကိုယ်တိုင် ဒါမှမဟုတ် ပရောဂျက် Maintainer) က Merge လုပ်လေ့ရှိပါတယ်။
ဘယ်လိုလုပ်မလဲ? (GitHub ပေါ်တွင်)
Section titled “ဘယ်လိုလုပ်မလဲ? (GitHub ပေါ်တွင်)”-
PR Page ပေါ်မှာ “Merge pull request” ဆိုတဲ့ ခလုတ်စိမ်းလေး ပေါ်လာပါလိမ့်မယ်။
-
Merge Method တွေ ရွေးလို့ ရပါတယ် (ဥပမာ -
"Create a merge commit","Squash and merge","Rebase and merge")။ အခု စတင်လေ့လာသူတွေ အတွက်တော့ Default ဖြစ်တဲ့"Create a merge commit"ကိုပဲ ရွေးတာ အဆင်ပြေပါတယ်။ -
“Confirm merge” ကို နှိပ်လိုက်ပါ။
💡 GitHub က ကိုယ့်
feature branchက Commits တွေကို ယူပြီး၊ Remote Repository ပေါ်က Base Branch (main) ထဲကို အလိုအလျောက် Merge လုပ်ပေးသွားပါလိမ့်မယ်။
Merge လုပ်ပြီးနောက်: သန့်ရှင်းရေး (Cleaning Up)
Section titled “Merge လုပ်ပြီးနောက်: သန့်ရှင်းရေး (Cleaning Up)”Merge လုပ်ပြီးသွားရင်လည်း အလုပ်လေး နည်းနည်း ကျန်ပါသေးတယ်။
Remote Branch ဖျက်ခြင်း (မဖြစ်မနေ မဟုတ်ပါ)
Section titled “Remote Branch ဖျက်ခြင်း (မဖြစ်မနေ မဟုတ်ပါ)”PR ကို Merge လုပ်ပြီးတာနဲ့ GitHub က “Delete branch” ခလုတ်လေး တစ်ခါတည်း ပြပေးပါလိမ့်မယ်။ ဒါက Remote ပေါ်က feature branch ကို ဖျက်ပစ်ဖို့ပါ။ အဲ့ဒီ Branch က အလုပ်တွေ အားလုံးက main ထဲ ရောက်သွားပြီ ဖြစ်လို့ ဆက်ထားစရာ မလိုတော့လို့ပါ ခင်ဗျာ။
Local သန့်ရှင်းရေး (Local Cleanup)
Section titled “Local သန့်ရှင်းရေး (Local Cleanup)”ကိုယ့်စက် (Local) ထဲမှာလည်း သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။
1. ကိုယ့် Local main Branch ကို Update လုပ်ပါ
git switch maingit pull origin main(ဒါက Remotemainမှာ အသစ်ရောက်လာတဲ့ ကိုယ့်ရဲ့ Merge Changes တွေကို Localmainဆီ ဆွဲယူလိုက်တာပါ)။
2. ကိုယ့် Local feature branch ကို ဖျက်ပါ
git branch -d my-new-feature(-dက Safe Delete ပါ။ ဒီ Branch က တကယ် Merge ပြီးသွားပြီလား ဆိုတာ သေချာမှ ဖျက်ပေးတာမို့ စိတ်ချရပါတယ်)။