အလုပ်လုပ်တဲ့ နေရာသုံးမျိုးနဲ့ ကိုယ့်ရဲ့ ပထမဆုံး "Commit"
Git ရဲ့ အလုပ်လုပ်ပုံ: နေရာ ၃ မျိုး
Section titled “Git ရဲ့ အလုပ်လုပ်ပုံ: နေရာ ၃ မျိုး”Git မှာ ကျွန်တော်တို့ ပြောင်းလဲလိုက်တဲ့ Code တွေကို စနစ်တကျ မှတ်တမ်းတင်ဖို့အတွက် ဖြတ်သန်းရတဲ့ နေရာ (၃) ခု ရှိပါတယ်။ ဒီနေရာတွေက ဘယ်လို အလုပ်လုပ်လဲ ကြည့်လိုက်ကြစို့။
၁။ Code များ ပြင်ဆင်ရေးသားရာ နေရာ (Working Directory)
Section titled “၁။ Code များ ပြင်ဆင်ရေးသားရာ နေရာ (Working Directory)”ဒီနေရာကတော့ ကိုယ့် Project Folder ထဲမှာ ဖိုင်တွေကို တိုက်ရိုက် ဖွင့်ပြီး Code တွေ ရေးနေတဲ့၊ ပြင်ဆင်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပြောင်းလဲမှု အသစ်တွေ အားလုံးက ဒီနေရာမှာ စတင် ပေါ်လာတာပါ။
ကိုယ်တိုင် လုပ်ကြည့်ရန်:
my-first-repo Folder ထဲမှာ README.md ဖိုင်တစ်ခု ဆောက်ပါ။ အထဲမှာ ‘My project’s first file.’ ဆိုတဲ့ စာသားလေး ထည့်ပြီး Save လိုက်ပါ။
git status ဖြင့် Project အခြေအနေကို စစ်ဆေးခြင်း
Section titled “git status ဖြင့် Project အခြေအနေကို စစ်ဆေးခြင်း”ကိုယ့် Project ထဲမှာ ဘာတွေ ပြောင်းလဲထားလဲ၊ ဘာဖိုင်အသစ်တွေ ထပ်ရောက်နေလဲ ဆိုတာကို သိချင်ရင် git status Command ကို သုံးနိုင်ပါတယ်။ ဒီ Command က Git ကနေ ကိုယ့် Project အခြေအနေကို ဘယ်လို မြင်နေလဲ ဆိုတာ အတိအကျ ပြပေးပါတယ်။
git add ဒါမှမဟုတ် git commit လို Command တွေ မသုံးခင်မှာ ကိုယ့် Project အခြေအနေကို သေချာ သိဖို့အတွက် git status ကို အမြဲတမ်း သုံးသင့်ပါတယ်။
Terminal မှာ git status လို့ ရိုက်ကြည့်ပါ။ (README.md ကို “Untracked” ဆိုပြီး ပြနေတာ တွေ့ရပါလိမ့်မယ်)။
၂။ နောက်တစ်ကြိမ် Save ရန် ပြင်ဆင်သည့် နေရာ (Staging Area)
Section titled “၂။ နောက်တစ်ကြိမ် Save ရန် ပြင်ဆင်သည့် နေရာ (Staging Area)”Staging Area ကတော့ ကိုယ် ပြင်ဆင်ထားတဲ့ ဖိုင်တွေထဲကနေ နောက်တစ်ကြိမ် Save (Commit) လုပ်တဲ့အခါ ပါဝင်စေချင်တဲ့ ဖိုင်တွေကို ရွေးချယ် ပြင်ဆင်ပေးတဲ့ နေရာ ဖြစ်ပါတယ်။
git add ဖြင့် Staging Area သို့ ထည့်သွင်းခြင်း
Section titled “git add ဖြင့် Staging Area သို့ ထည့်သွင်းခြင်း”ကိုယ် Save လုပ်ချင်တဲ့ ဖိုင်တွေကို Staging Area ထဲ ပို့ဖို့အတွက် git add <file name> Command ကို သုံးရပါတယ်။ ဥပမာ - README.md ဖိုင်ကို ထည့်ချင်ရင် git add README.md လို့ ရိုက်ရပါတယ်။
အဲ့ဒီနောက် git status ကို ထပ်ရိုက်ကြည့်ရင် ‘Changes to be committed’ ဆိုပြီး Staging Area ထဲ ရောက်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီလို လိုချင်တဲ့ အပိုင်းတွေကိုပဲ ရွေးချယ် ထည့်သွင်းတာက Project ရဲ့ မှတ်တမ်း (History) ကို ပိုပြီး သပ်ရပ် စနစ်ကျစေပါတယ်။
၃။ အပြီးအပိုင် မှတ်တမ်းတင်ရာ နေရာ (Repository)
Section titled “၃။ အပြီးအပိုင် မှတ်တမ်းတင်ရာ နေရာ (Repository)”Staging Area ထဲမှာ Save လုပ်ချင်တဲ့ အရာတွေ အဆင်သင့် ဖြစ်ပြီဆိုရင်တော့ Repository လို့ခေါ်တဲ့ Project ရဲ့ အပြီးအပိုင် မှတ်တမ်းတိုက်ကြီးထဲကို ထည့်သွင်း Save လုပ်လို့ ရပါပြီ။
git commit ဖြင့် ပြောင်းလဲမှုများကို သိမ်းဆည်းခြင်း
Section titled “git commit ဖြင့် ပြောင်းလဲမှုများကို သိမ်းဆည်းခြင်း”Staging Area ထဲက ပြင်ဆင်ထားတာတွေကို Repository ထဲ သိမ်းဆည်းဖို့ git commit Command ကို သုံးပါတယ်။ ပုံမှန်အားဖြင့် git commit -m "Commit Message" ပုံစံနဲ့ ရေးလေ့ရှိပါတယ်။
-m ရဲ့ နောက်က စာသားလေးက ဒီ Commit (Save Point) မှာ ဘာတွေ ပြောင်းလဲခဲ့လဲ ဆိုတာကို အတိုချုပ် မှတ်ထားပေးတာ ဖြစ်လို့ ရှင်းရှင်းလင်းလင်း ရေးဖို့ အရေးကြီးပါတယ်။ Commit လုပ်ပြီးသွားရင် git status ကို ပြန်စစ်ကြည့်တဲ့အခါ ‘nothing to commit, working tree clean’ ဆိုပြီး ပြနေမှာ ဖြစ်ပါတယ် ခင်ဗျာ။