Dynamic Programming (DP)
Dynamic Programming (DP)
Section titled “Dynamic Programming (DP)”DP ဆိုတာ နာမည်ကြီးလွန်းလို့ ကြောက်စရာ ကောင်းတယ်လို့ ထင်ရပေမယ့်၊ တကယ်တော့ Recursion + Caching ပါပဲ။ ဆိုလိုတာက၊ ပြဿနာ တစ်ခုခုကို ဖြေရှင်းတဲ့အခါ၊ တွက်ချက်ထားပြီးသား အဖြေတွေကို မှတ်ထား (Memoization) ပြီး၊ နောက်တစ်ခါ ထပ်လိုရင် ပြန်မတွက်ဘဲ ထုတ်သုံးတာပါပဲ။
Concept: “Don’t Repeat Yourself” (DRY)
Section titled “Concept: “Don’t Repeat Yourself” (DRY)”1 + 1 + 1 + 1 + 1 + 1 + 1 + 1 = ? (8)
ဒါဆို ညာဖက်မှာ + 1 ထပ်ထည့်လိုက်ရင် ဘယ်လောက်လဲ?
(9)
ဥပမာလေးမှာ 1 ကနေ 8 အထိ ပြန်ပေါင်းစရာ မလိုပါဘူး။ “ရှစ်” လို့ သိထားပြီးသားမို့၊ 8 + 1 = 9 ဆိုပြီး ချက်ချင်း ဖြေနိုင်ပါတယ်။ ဒါ DP ပါပဲ။
The Fibonacci Sequence
Section titled “The Fibonacci Sequence”Fibonacci (0, 1, 1, 2, 3, 5, 8, …) ကို Recursion နဲ့ ရေးရင် fib(n-1) + fib(n-2) ဆိုပြီး သူ့ကိုသူ ခဏခဏ ပြန်ခေါ်ပါတယ်။
Data တွေ ထပ်နေတာ အများကြီး ဖြစ်တတ်တယ်။
DP သုံးလိုက်ရင် fib(5) ကို တွက်ထားပြီးသားဆိုရင်၊ နောက်တစ်ခါ fib(6) တွက်ဖို့အတွက် fib(5) ကို ပြန်တွက်စရာ မလိုတော့ပါဘူး။ ဇယား (Table) လေးထဲမှာ မှတ်ထားလိုက်ရုံပါပဲ။
Visual Guides
Section titled “Visual Guides”