Queues
Queues (FIFO)
Section titled “Queues (FIFO)”Queue (တန်းစီခြင်း) ကတော့ လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံးပါပဲ။ ဘဏ်မှာ ပိုက်ဆံထုတ်ဖို့ တန်းစီသလိုပေါ့။
- အရင်ရောက်တဲ့လူ၊ အရင်ရမယ်။
- နောက်မှ ရောက်တဲ့လူ၊ နောက်ဆုံးကနေ တန်းစီရမယ်။
ဒါကို First-In, First-Out (FIFO) ၊ “အရင်ဝင်၊ အရင်ထွက်” လို့ ခေါ်ပါတယ်။
Real World Use: Printer Job Lines
Section titled “Real World Use: Printer Job Lines”ရုံးခန်းတစ်ခုမှာ Printer က တစ်လုံးတည်းရှိတယ်။ လူ (၅) ယောက်က Print Ctrl + P တပြိုင်နက် နှိပ်လိုက်တယ်။ Printer က ဘယ်လို လုပ်မလဲ?
သူ့ဆီ ရောက်လာတဲ့ Order တွေကို Queue ထဲ ထည့်ထားလိုက်တယ်။ ပြီးမှ တစ်ယောက်ချင်းစီ အလှည့်ကျ ထုတ်ပေးသွားတာ ဖြစ်ပါတယ်။
Ticketmaster Waiting Rooms
Section titled “Ticketmaster Waiting Rooms”Concert လက်မှတ် ဝယ်တဲ့အခါမှာလည်း “You are number 534 in line” ဆိုပြီး ပြနေတာ မြင်ဖူးမှာပါ။ ဒါဟာ Server က လူတွေကို Queue စနစ်နဲ့ စီမံခန့်ခွဲနေခြင်း ဖြစ်ပါတယ်။