Skip to content
GitHub

Arrays & Dynamic Arrays

Array ဆိုတာ အတန်းလိုက် စီထားတဲ့ သေတ္တာလေးတွေ နဲ့ တူပါတယ်။ သေတ္တာတစ်လုံးချင်းစီမှာ နံပါတ် (Index) ရှိတယ်။ arr[0] ဆိုရင် ပထမဆုံး သေတ္တာ၊ arr[1] ဆိုရင် ဒုတိယ သေတ္တာ စသဖြင့်ပေါ့။

  • Static Array:

    • အရွယ်အစား (Size) ကို ကြိုသတ်မှတ်ရတယ်။
    • ဥပမာ - ထိုင်ခုံ ၁၀ လုံးပါတဲ့ ကားတစ်စီးလိုပဲ။ လူ ၁၁ ယောက် တင်လို့မရဘူး။
  • Dynamic Array (e.g., Python List, JS Array):

    • Size က အလိုအလျောက် ကြီးလာနိုင်တယ်။
    • အခန်းပြည့်သွားရင် သူက နောက်ထပ် အခန်းလွတ် ပိုများတဲ့ နေရာအသစ်ကို ရွှေ့ပြီး Data တွေ အကုန် ကူးထည့်လိုက်တယ်။ (Resize)

Static vs Dynamic Array

Todo List တစ်ခုကို စဉ်းစားကြည့်ပါ -

  1. Assignment လုပ်ရန် (Add)
  2. Gym သွားရန် (Add)
  3. Assignment ပြီးပြီ (Delete/Mark done)

ဒီလို အစီအစဉ်တကျ သိမ်းဖို့ Array က အသင့်တော်ဆုံးပါပဲ။ Index နဲ့ တန်းခေါ်သုံးလို့ရတဲ့အတွက် Access လုပ်တာ အရမ်းမြန် ($O(1)$) ပါတယ်။


Todo List Array Mapping