Skip to content
GitHub

The Visual & Practical Guide to Algorithms

ဒီ Course က ဘာအကြောင်းလဲ?

Section titled “ဒီ Course က ဘာအကြောင်းလဲ?”

Programmer တစ်ယောက်အနေနဲ့ Code ရေးတတ်ရုံနဲ့ မလုံလောက်ပါဘူး။

  • “ငါ့ Code က ဘာလို့ နှေးနေတာလဲ?”
  • “Data တွေ အများကြီးကို ဘယ်လို စနစ်တကျ သိမ်းမလဲ?”
  • “ပြဿနာတစ်ခုကို အကောင်းဆုံး နည်းလမ်းနဲ့ ဘယ်လို ဖြေရှင်းမလဲ?” ဆိုတာတွေကို နားလည်ဖို့ DSA လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က Brute Force (ဇွတ်လုပ်နည်း) ကနေ Optimized (ပညာသားပါပါ လုပ်နည်း) ဘက်ကို ပြောင်းလဲ တွေးခေါ်တတ်စေဖို့ ဖြစ်ပါတယ်။

ဘာတွေ လေ့လာရမလဲ?

Section titled “ဘာတွေ လေ့လာရမလဲ?”

Module 1: The “Why” & The “How” (Foundations) Code တွေရဲ့ မြန်နှုန်း (Speed) နဲ့ နေရာယူမှု (Memory) ကို တိုင်းတာတဲ့ Big O အကြောင်းနဲ့ Memory အလုပ်လုပ်ပုံကို လေ့လာမယ်။

Module 2: Linear Data Structures (The Basics) Array, String နဲ့ Linked List တွေအကြောင်း။ Todo List တွေ၊ Playlist တွေ ဘယ်လိုအလုပ်လုပ်လဲ ဆိုတာ လက်တွေ့မြင်ရမယ်။

Module 3: The “LIFO” & “FIFO” World Stack (Undo/Redo), Queue (Printer jobs) နဲ့ အမြန်ဆုံး ရှာဖွေနိုင်တဲ့ Hash Map အကြောင်း။

Module 4: The Art of Recursion & Sorting Recursion ဆိုတဲ့ သဘောတရားနဲ့ Sorting Algorithms (Merge Sort, Quick Sort) တွေကို လေ့လာမယ်။

Module 5: Trees & Graphs File System တွေ၊ Google Map လမ်းကြောင်းရှာတာတွေရဲ့ နောက်ကွယ်က Tree နဲ့ Graph တွေအကြောင်း။

Module 6: Advanced Problem Solving Dynamic Programming၊ Greedy Algorithms နဲ့ Backtracking လိုမျိုး အဆင့်မြင့် နည်းလမ်းတွေနဲ့ Sudoku ဖြေရှင်းနည်းတွေ။

Course Map Infographic Brute Force vs Optimized Illustration Pattern Wall

ကဲ… Ready ဖြစ်ပြီဆိုရင် Module 1 ကနေ စလိုက်ကြရအောင်!