Project 1: Interactive Counter
သင်ခန်းစာတွေ လေ့လာပြီးပြီဆိုတော့ လက်တွေ့ Project လေး စရေးကြည့်ရအောင်။ “အပေါင်း” ခလုတ်နှိပ်ရင် တိုးမယ်၊ “အနှုတ်” ခလုတ်နှိပ်ရင် လျော့မယ်၊ “Reset” နှိပ်ရင် သုည ပြန်ဖြစ်မယ်။
1.. HTML တည်ဆောက်ခြင်း
Section titled “1.. HTML တည်ဆောက်ခြင်း”<div class="counter-container"> <h1 id="count">0</h1> <button id="decrease-btn">-</button> <button id="reset-btn">Reset</button> <button id="increase-btn">+</button></div>2. JavaScript ရေးသားခြင်း
Section titled “2. JavaScript ရေးသားခြင်း”- Select Elements: လိုအပ်တဲ့ Element တွေကို အရင် ဖမ်းပါ။ (
h1,button၃ ခု) - State Variable: လက်ရှိ number တန်ဖိုးကို သိမ်းထားဖို့ Variable တစ်ခု လိုပါမယ်။ (
let count = 0;) - Event Listeners: ခလုတ် ၁ ခုချင်းစီအတွက် event listener တွေရေးပါ။
+နှိပ်ရင်countကို ၁ တိုး၊ ပြီးရင်h1မှာ ပြန်ပြ။-နှိပ်ရင်countကို ၁ လျော့၊h1မှာ ပြန်ပြ။Resetနှိပ်ရင်countကို ၀ လုပ်၊h1မှာ ပြန်ပြ။
// 1. Select Elementsconst value = document.querySelector("#count");
let count = 0;
const increaseBtn = document.querySelector("#increase-btn");// ... select other buttons
increaseBtn.addEventListener("click", function() { count++; value.textContent = count;
// အရောင်လေးပါ ပြောင်းကြည့်ရအောင် if (count > 0) { value.style.color = "green"; }});👉 မေးခွန်း: Decrease နဲ့ Reset အတွက် ကိုယ့်ဘာသာ ဆက်ရေးကြည့်ပါ။