What Is the DOM?
DOM ဆိုတာ ဘာလဲ?
Section titled “DOM ဆိုတာ ဘာလဲ?”DOM ဆိုတာ Document Object Model ပါ။ စာတွေ့တွေ ထားလိုက်ပါဦး။ ရိုးရိုးလေးပဲ ရှင်းပြမယ်။
သင်ရေးလိုက်တဲ့ HTML Code တွေကို Browser က ဖတ်ပြီး သူ့ရဲ့ Memory ထဲမှာ Tree (သစ်ပင်ပုံစံ) Structure တစ်ခု ဆောက်လိုက်ပါတယ်။ အဲဒါကို DOM လို့ ခေါ်တာပါ။
Javascript က HTML ကို တိုက်ရိုက် မပြင်ပါဘူး။ ဒီ DOM Tree ကြီးကို လှမ်းပြင်တာပါ။ DOM ကို ပြင်လိုက်ရင် Browser မှာ မြင်ရတဲ့ ပုံစံလည်း လိုက်ပြောင်းသွားပါတယ်။
Tree Structure (အပင်ပုံစံ)
Section titled “Tree Structure (အပင်ပုံစံ)”အောက်က HTML ကို ကြည့်ကြည့်ပါ။
<html> <body> <h1>Hello</h1> <p>World</p> </body></html>DOM Tree မှာ ဒီလို ဖြစ်သွားပါမယ်။
document(အမြစ်)<html><body><h1>-> “Hello”<p>-> “World”
JavaScript က ဒီ
h1,pစတာတွေကို လှမ်းခေါ်ပြီး စာပြောင်းမယ်၊ အရောင်ပြောင်းမယ်၊ ဖျက်ပစ်မယ်။ ဒါကို DOM Manipulation လို့ ခေါ်တာပါ။