Skip to content
GitHub

ဒီ Course မှာ ဘာတွေ ပါဝင်မလဲ?

JavaScript ဆိုတာ Webpage တွေကို အသက်ဝင် လှုပ်ရှားလာစေတဲ့ Programming Language တစ်ခု ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်း ဥပမာ ပေးရရင်:

  • HTML ဆိုတာ အိမ်တစ်လုံးရဲ့ အုတ်မြစ်နဲ့ တိုင်တွေ (Structure) လိုပါပဲ။ (ခေါင်းစဉ်တွေ၊ စာပိုဒ်တွေ၊ ပုံတွေ ပါဝင်ပါတယ်)
  • CSS ဆိုတာက အိမ်ကို သုတ်ထားတဲ့ ဆေးရောင်နဲ့ အလှဆင်မှု (Decorations) တွေပါ။ (အရောင်တွေ၊ ဒီဇိုင်းတွေ၊ နေရာချထားမှုတွေ)
  • JavaScript ကတော့ အဲ့ဒီအိမ်မှာ တပ်ဆင်ထားတဲ့ လျှပ်စစ်မီးနဲ့ ရေပိုက်စနစ် (Functionality) နဲ့ တူပါတယ်။ (မီးခလုတ် နှိပ်လိုက်ရင် မီးလင်းလာမယ်၊ ဘုံဘိုင်ကို လှည့်လိုက်ရင် ရေကျလာမယ် စသဖြင့်ပေါ့)

DOM Manipulation ဆိုတာ ဘာလဲ?

Section titled “DOM Manipulation ဆိုတာ ဘာလဲ?”

ဒီ Course ရဲ့ အဓိက အာရုံစိုက်သွားမယ့် အပိုင်းကတော့ DOM Manipulation ပဲ ဖြစ်ပါတယ်။

“DOM Manipulation” ဆိုတဲ့ စကားလုံးက နားလည်ရ ခက်သယောင် ရှိပေမယ့်၊ တကယ့်လက်တွေ့မှာတော့ ရိုးရှင်းပါတယ်။ JavaScript ကို အသုံးပြုပြီး Webpage (HTML) ပေါ်မှာ ရှိနေတဲ့ အရာတွေကို လှမ်းပြီး ပြုပြင်ပြောင်းလဲခြင်း လို့ မှတ်ယူနိုင်ပါတယ်။

ဥပမာအားဖြင့် -

  • ရေးထားတဲ့ စာသား (Text) တွေကို ပြောင်းလဲပစ်မယ်။
  • အရောင် (Color) တွေကို ပြောင်းမယ်။
  • လိုအပ်ရင် Element အသစ်တွေကို ထပ်ထည့်မယ်, ဖျက်ပစ်မယ်။

ဒီအကြောင်းတွေကို နောက်ပိုင်း သင်ခန်းစာတွေမှာ လက်တွေ့ စမ်းသပ်ရင်းနဲ့ သေချာပေါက် နားလည်သွားမှာမို့လို့ လောလောဆယ် စိတ်မပူပါနဲ့။

💻

JavaScript & DOM Manipulation Playground

Live Output Preview
📖

ဒီသင်ခန်းစာ ဖတ်ပြီးပြီလား?

ပြီးမြောက်ကြောင်း မှတ်သားထားရန် အောက်ပါ ခလုတ်ကို နှိပ်ပါ

ဒီ Course ကို ဘယ်လို ပုံစံမျိုးနဲ့ သွားမလဲ?

Section titled “ဒီ Course ကို ဘယ်လို ပုံစံမျိုးနဲ့ သွားမလဲ?”

ဒီ Course ဟာ စာဖတ်ရုံ သက်သက်မဟုတ်ဘဲ Interactive ဖြစ်အောင် စီစဉ်ထားပါတယ်။

  • ဖတ်မယ်: နားလည်ရခက်တဲ့ Concept တွေကို လွယ်ကူရှင်းလင်းတဲ့ မြန်မာစကားနဲ့ ရှင်းပြပေးထားပါမယ်။
  • စမ်းမယ်: သင်ခန်းစာ (Lesson) တစ်ခု ပြီးဆုံးတိုင်း လက်တွေ့ စမ်းသပ်ကြည့်ရမယ့် လေ့ကျင့်ခန်းတွေ ပါဝင်ပါမယ်။
  • တည်ဆောက်မယ်: Project အသေးစားလေးတွေ (ဥပမာ - အကြိမ်အရေအတွက် မှတ်တဲ့ Counter၊ လုပ်စရာတွေ မှတ်တဲ့ To-Do List) ကို ကိုယ်တိုင် ဖန်တီးကြည့်ရပါမယ်။

ကဲ… စလိုက်ကြရအောင်!