Tools များ ပြင်ဆင်ခြင်း
JavaScript ရေးဖို့အတွက် ကွန်ပျူတာ အကောင်းစားကြီးတွေ မလိုပါဘူး။ သင့်မှာ ရှိပြီးသား Browser လေးတစ်ခု ရှိရင် ရပါပြီ။ ဒါပေမဲ့ ပိုကောင်းတဲ့ အတွေ့အကြုံ ရဖို့အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရင် အကောင်းဆုံးပါပဲ။
1. Web Browser (Chrome recommended)
Section titled “1. Web Browser (Chrome recommended)”JavaScript ဟာ Browser တိုင်းမှာ Run လို့ ရပါတယ်။ ဒါပေမဲ့ Developer တွေ အသုံးများဆုံးနဲ့ Debug လုပ်ရတာ အဆင်ပြေဆုံးကတော့ Google Chrome ပါပဲ။
2. Code Editor (VS Code recommended)
Section titled “2. Code Editor (VS Code recommended)”Code တွေ ရေးဖို့အတွက် Visual Studio Code (VS Code) ကို အသုံးပြုဖို့ အထူး တိုက်တွန်းပါတယ်။ သူက Free ရသလို၊ Extension တွေ အများကြီးနဲ့မို့ အရမ်း အသုံးဝင်ပါတယ်။
JavaScript ကို ဘယ်လို Run မလဲ?
Section titled “JavaScript ကို ဘယ်လို Run မလဲ?”JavaScript ကို နည်းလမ်း (၃) မျိုးနဲ့ Run လို့ ရပါတယ်။
1. Inline Script (HTML ထဲမှာ တိုက်ရိုက်ရေးခြင်း)
Section titled “1. Inline Script (HTML ထဲမှာ တိုက်ရိုက်ရေးခြင်း)”HTML file ထဲမှာ <script> tag လေးဖွင့်ပြီး တိုက်ရိုက်ရေးတာပါ။ စမ်းသပ်ရုံလောက်ပဲ သုံးသင့်ပါတယ်။
<button onclick="alert('Hello!')">Click Me</button>2. External JS File (အသုံးအများဆုံး နည်းလမ်း)
Section titled “2. External JS File (အသုံးအများဆုံး နည်းလမ်း)”JavaScript code တွေကို script.js ဆိုပြီး သီးသန့် file ခွဲထုတ်ပြီး HTML နဲ့ ချိတ်ဆက်တာပါ။ ဒါက အလုပ်လုပ်ရတာ သပ်ရပ်ပြီး အကောင်းဆုံး နည်းလမ်းပါ။
<script src="script.js"></script>3. Browser Console (အမြန်စမ်းသပ်ရန်)
Section titled “3. Browser Console (အမြန်စမ်းသပ်ရန်)”Browser မှာ ချက်ချင်း Code စမ်းကြည့်ချင်ရင် Console ကို သုံးလို့ရပါတယ်။
- Browser (Chrome) မှာ Right Click နှိပ်၊ Inspect ကို ရွေးပါ။
- Console tab ကို နှိပ်ပါ။
alert("Hello World")လို့ ရေးပြီး Enter ခေါက်ကြည့်ပါ။