Variables & Data Types
Variables (ကိန်းရှင်များ)
Section titled “Variables (ကိန်းရှင်များ)”Variable ဆိုတာ Data တွေကို ခဏတာ သိမ်းဆည်းထားတဲ့ နေရာ (Box) လေးတစ်ခုပါ။ ဥပမာ - ရေထည့်ထားတဲ့ ခွက်လိုပေါ့။ ခွက်ထဲကို ရေထည့်မလား၊ ဖျော်ရည်ထည့်မလား၊ ကြိုက်တာ ထည့်လို့ရတယ်။
JavaScript မှာ Variable ကြေညာဖို့ နည်းလမ်း (၃) မျိုး ရှိပါတယ်။
1. var (Old School)
Section titled “1. var (Old School)”ရှေးဟောင်း နည်းလမ်းပါ။ လောလောဆယ်မှာ သိပ်မသုံးတော့ပါဘူး။ သိထားရုံလောက်ပါပဲ။
2. let (Standard)
Section titled “2. let (Standard)”ပြောင်းလဲလို့ရတဲ့ တန်ဖိုးတွေအတွက် သုံးပါတယ်။ (ဥပမာ - အမှတ်စာရင်း၊ အသက်)
let score = 10;score = 20; // နောက်မှ ပြောင်းလို့ရတယ်3. const (Constant)
Section titled “3. const (Constant)”ပြောင်းလဲလို့ မရတဲ့ တန်ဖိုးတွေအတွက် သုံးပါတယ်။ (ဥပမာ - မွေးနေ့၊ PI တန်ဖိုး)
const pi = 3.14;// pi = 3.15; // Error တက်မယ်! ပြောင်းလို့မရဘူး။Data Types (Data အမျိုးအစားများ)
Section titled “Data Types (Data အမျိုးအစားများ)”JavaScript မှာ အဓိက Data Type (၅) မျိုးကို သိထားရင် လုံလောက်ပါပြီ။
- String (စာသား): စာလုံးတွေကို
""(သို့)''ထဲမှာ ထည့်ရေးရပါတယ်။let name = "Mg Mg"; - Number (ကိန်းဂဏန်း): ဂဏန်းတွေပါ။
""ထည့်စရာ မလိုပါဘူး။let age = 25;let price = 10.5; - Boolean (အမှား/အမှန်):
trueသို့မဟုတ်falseနှစ်ခုပဲ ရှိပါတယ်။let isStudent = true; - Undefined: Variable တစ်ခုကို ကြေညာပြီး တန်ဖိုးမထည့်ရသေးရင်
undefinedဖြစ်နေပါမယ်။let x;console.log(x); // undefined - Null: “ဘာမှ မရှိဘူး” ဆိုတာကို တိတိကျကျ သတ်မှတ်လိုက်တာပါ။
let y = null;
မှတ်ထားဖို့က - String ဆိုရင် Quote (” ”) ပါမယ်၊ Number ဆိုရင် မပါဘူး။ let "20" က စာသား၊ let 20 က ဂဏန်းပါ။