Skip to content
GitHub

Changing Styles

JavaScript ကနေ CSS ကို လှမ်းပြင်ရင် style property ကို သုံးရပါတယ်။ တစ်ခု သတိထားရမှာက CSS မှာ - (dash) ပါတဲ့ နာမည်တွေကို JavaScript မှာ CamelCase ပြောင်းရေးရပါတယ်။

  • background-color -> backgroundColor
  • font-size -> fontSize
  • margin-top -> marginTop
let box = document.querySelector(".box");
// အရောင်ပြောင်းမယ်
box.style.backgroundColor = "red";
// စာလုံးဆိုဒ် ကြီးမယ်
box.style.fontSize = "20px";
// ဘောင်ဖျောက်မယ်
box.style.border = "none";

Class တွေ ချိန်းတာ ပိုကောင်းတယ်

Section titled “Class တွေ ချိန်းတာ ပိုကောင်းတယ်”

Style တွေ အများကြီးကို တစ်ကြောင်းချင်း လိုက်ရေးနေမယ့်အစား၊ CSS Class တစ်ခု ကြိုဆောက်ထားပြီး JavaScript ကနေ အဲဒီ Class ကို ထည့်ပေး/ထုတ်ပေးတာ ပိုကောင်းပါတယ်။ (Later in classList topic)