Debugging Basics
Programming လောကမှာ Error (Bug) ဆိုတာ ရှောင်လွှဲမရပါဘူး။ အရေးကြီးတာက ဘယ်လို ဖြေရှင်းမလဲ ဆိုတာပါပဲ။
1. Console Errors
Section titled “1. Console Errors”Code အလုပ်မလုပ်တော့ရင် ပထမဆုံး လုပ်ရမှာက Browser Console ကို ဖွင့်ကြည့်တာပါ။ အနီရောင် စာတန်းနဲ့ Error ပြနေပါလိမ့်မယ်။
- ReferenceError: မရှိတဲ့ Variable ကို ခေါ်သုံးမိတာ (နာမည်မှားတာ ဖြစ်နိုင်တယ်)။
- SyntaxError: ရေးပုံရေးနည်း မှားနေတာ (ကွင်းပိတ်ဖို့ မေ့တာ၊ စာလုံးပေါင်းမှားတာ)။
- TypeError: မဆိုင်တာ သွားလုပ်မိတာ (ဥပမာ -
nullကို Function လို သွားခေါ်မိတာ)။
Error စာကြောင်းမှာ Line Number ပါပါတယ်။ အဲဒီလိုင်းကို သွားစစ်ကြည့်လိုက်ပါ။
2. console.log()
Section titled “2. console.log()”ဒါက Developer တွေရဲ့ အကောင်းဆုံး သူငယ်ချင်းပါ။
Code ဘယ်နေရာ ရောက်နေပြီလဲ၊ Variable ထဲမှာ ဘာတန်ဖိုး ရှိနေလဲ သိချင်ရင် ကြားထဲမှာ console.log ခံပြီး ထုတ်ကြည့်ပါ။
function add(a, b) { console.log("Input:", a, b); // Data ဝင်ရဲ့လား စစ်တယ် return a + b;}3. Don’t Panic 😱
Section titled “3. Don’t Panic 😱”Error တက်တာ ကောင်းပါတယ်။ ဘာမှားနေလဲ သိရတာကိုး။ Error Message ကို သေချာဖတ်ပါ။ နားမလည်ရင် Error စာသားကို Copy ကူးပြီး Google မှာ ရှာကြည့်ပါ။