Skip to content
GitHub

<head> အပိုင်း

<head> အပိုင်းဆိုတာ User တွေ တိုက်ရိုက်မမြင်ရပေမဲ့ Browser တွေနဲ့ Search Engine တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်အလက်တွေ (Metadata) ကို ထည့်သွင်းပေးရတဲ့ နေရာပါ။ CSS link တွေ၊ JavaScript link တွေ ထည့်ဖို့ကလည်း <head> ထဲမှာပဲ ဖြစ်ပါတယ်။

<head> ထဲမှာ အသုံးများတဲ့ Element တွေ:

Section titled “<head> ထဲမှာ အသုံးများတဲ့ Element တွေ:”
  • စာလုံးအမျိုးအစား (character encoding)၊ စာမျက်နှာရဲ့ အကြောင်းအရာအကျဉ်း (page description) နဲ့ တခြားအရေးကြီးတဲ့ အချက်အလက်တွေကို သတ်မှတ်ဖို့ သုံးပါတယ်။

    ဥပမာ:

    HTML
    <meta charset="UTF-8">
    <meta name="description" content="Learn HTML basics!">
  • Browser ရဲ့ tab မှာ ပြမယ့် webpage ရဲ့ ခေါင်းစဉ်ကို သတ်မှတ်ပေးပါတယ်။

    ဥပမာ:

    HTML
    <title>My First Webpage</title>
  • External Stylesheets နဲ့ ချိတ်ဆက်ခြင်း
    Section titled “External Stylesheets နဲ့ ချိတ်ဆက်ခြင်း”

    Webpage ကို ဒီဇိုင်းလှပအောင်လုပ်ဖို့အတွက် အပြင်ဘက်မှာရှိတဲ့ CSS file တွေကို ချိတ်ဆက်ပေးနိုင်ပါတယ်။

    ဥပမာ:

    HTML
    <link rel="stylesheet" href="styles.css">