Forms
Form ဆိုတာဘာလဲ?
Section titled “Form ဆိုတာဘာလဲ?”Form ဆိုတာက user ဆီက အချက်အလက်တွေကို စုဆောင်းပြီး server ဆီကို ပို့ပေးတဲ့ HTML element တစ်ခုပါ။
အသုံးပြုပုံများ -
Section titled “အသုံးပြုပုံများ -”- Website ပေါ်က Contact form တွေ
- User register လုပ်ခြင်း သို့မဟုတ် login ဝင်ခြင်း
- Feedback များ
- Booking form များ
ဥပမာနှိုင်းယှဉ်ချက် - Form ဆိုတာက လူတစ်ယောက်က ဖြည့်စွက်ပြီး တင်သွင်းရတဲ့ digital စာရွက်စာတမ်းတစ်ခုလိုပါပဲ။
Form တည်ဆောက်ပုံ
Section titled “Form တည်ဆောက်ပုံ”Form တစ်ခုကို <form> tag နဲ့ ဖန်တီးပါတယ်။ အဓိကကျတဲ့ attribute တွေကတော့-
-
action– Form data တွေကို ဘယ်ကိုပို့ရမလဲ ဆိုတဲ့ URL။ -
method– Data တွေကို ဘယ်လိုပို့မလဲ ဆိုတဲ့ နည်းလမ်း (GET or POST)။
<form action="submit_form.php" method="post"> </form>ရှင်းလင်းချက်:
Section titled “ရှင်းလင်းချက်:”-
action="submit_form.php": form data တွေကိုsubmit_form.phpဆိုတဲ့ file ဆီ ပို့ပေးပါလိမ့်မယ်။ -
method="post": data တွေကို လုံလုံခြုံခြုံပို့ပေးပြီး၊ data အများကြီးအတွက် သင့်တော်ပါတယ်။
Input Fields
Section titled “Input Fields”Input field တွေက user တွေ data ထည့်ဖို့ အတွက်သုံးတာပါ။ <input> tag ကို type attribute အမျိုးမျိုးနဲ့ တွဲသုံးပါတယ်-
| Input Type | ရှင်းလင်းချက် |
|---|---|
| text | text ထည့်ရန် (ဥပမာ - name)။ |
| password | စကားဝှက်ထည့်ရန် (စာလုံးတွေက ဖျောက်ထားပေးတယ်)။ |
| Email လိပ်စာထည့်ရန်။ | |
| number | number သီးသန့်ထည့်ရန် (ဥပမာ - အသက်)။ |
| date | ရက်စွဲရွေးရန်။ |
| checkbox | ရွေးချယ်စရာအများကြီးကို ရွေးနိုင်ရန် (ဥပမာ - ဝါသနာ)။ |
| radio | ရွေးချယ်စရာထဲက တစ်ခုတည်းကိုသာ ရွေးနိုင်ရန် (ဥပမာ - ကျား/မ)။ |
| file | File တင်ရန် (ဥပမာ - Profile ပုံ)။ |
Labels
Section titled “Labels”<label> tag က input ခေါင်းစဉ်လိုမျိုး input field တွေနဲ့ ချိတ်ဆက်ပေးပြီး၊ သုံးရတာလွယ်ပြီး accessibility ကို တိုးတက်စေပါတယ်။
<label for="email">Email:</label><input type="email" id="email" name="email">ရှင်းလင်းချက်
Section titled “ရှင်းလင်းချက်”-
label မှာ
for="email"ကိုid="email"ရှိတဲ့ input နဲ့ ချိတ်ဆက်ပေးပါတယ်။ -
Label ကို နှိပ်လိုက်တာနဲ့ သက်ဆိုင်ရာ input field ကို အလိုအလျောက် focus လုပ်ပေးပါတယ်။