Skip to content
GitHub

Dropdowns & Options

Dropdown menu တွေ ဖန်တီးဖို့အတွက် <select> ကို သုံးပြီး၊ အထဲက ရွေးချယ်စရာလေးတွေအတွက် <option> ကို သုံးပါတယ် ခင်ဗျာ။

<label for="country">Country:</label>
<select id="country" name="country">
<option value="hk">Hong Kong</option>
<option value="uk">United Kingdom</option>
<option value="us">United States</option>
</select>

စာကြောင်း အများကြီး ထည့်ဖို့အတွက် (ဥပမာ Message ဒါမှမဟုတ် Comment ရေးဖို့) <textarea> ကို သုံးပါတယ်။

<label for="message">Message:</label><br>
<textarea id="message" name="message" rows="5" cols="30"></textarea>
select, input and textarea

Form တွေမှာ Data တွေကို Submit လုပ်ဖို့ (ပို့ဖို့) ဒါမှမဟုတ် Reset လုပ်ဖို့ (အစက ပြန်ဖျက်ဖို့) Button တွေ လိုအပ်ပါတယ်-

  • submit: Form data တွေကို Server ဆီ ပို့ပေးတယ်။

  • reset: Input field တွေထဲက ဖြည့်ထားတဲ့ Data အားလုံးကို ရှင်းပေးတယ်။

  • button: JavaScript နဲ့ ချိတ်ဆက်ပြီး သီးသန့် အလုပ်လုပ်ဖို့် ခလုတ်။

<input type="submit" value="Send">
<input type="reset" value="Clear">