Skip to content
GitHub

Record (Row / အတန်း)

Record (Row) ဆိုတာ ဘာလဲ?

Section titled “Record (Row) ဆိုတာ ဘာလဲ?”

Record ဆိုတာ Table တစ်ခုရဲ့ အေနာက်ဘက် ဒေါင်လိုက် Fields တွေနဲ့ ဖွဲ့စည်းထားတဲ့ အလျားလိုက် အတန်း (Row) တစ်ခုကို ခေါ်တာ ဖြစ်ပါတယ်။

Table တစ်ခုဟာ သီးသန့် Entity တစ်ခုအကြောင်း (ဥပမာ - User) ကို သိမ်းဆည်းထားတာဖြစ်ပြီး၊ အဲ့ဒီ Table ထဲက Record တစ်ခုချင်းစီဟာ Entity ရဲ့ သီးခြား Real-world Data Instance တစ်ခုစီ (ဥပမာ - သီးသန့် User တစ်ယောက်၏ အချက်အလက်များ) ကို ကိုယ်စားပြုပါတယ်။

အခေါ်အဝေါ် ကွဲပြားမှုများ:

Section titled “အခေါ်အဝေါ် ကွဲပြားမှုများ:”
  • Row: Database Systems များတွင် အသုံးအများဆုံး အခေါ်အဝေါ် ဖြစ်ပါတယ်။
  • Record: Data Processing & Software Development တွင် အသုံးအများဆုံး အခေါ်အဝေါ် ဖြစ်ပါတယ်။
  • Tuple: Relational Database Theory သီအိုရီ စာအုပ်များတွင် ခေါ်ဆိုလေ့ရှိသော အခေါ်အဝေါ် ဖြစ်ပါတယ်။

လက်တွေ့ ဥပမာ - employees Table

Section titled “လက်တွေ့ ဥပမာ - employees Table”
IDNamePosition
1AliceDirector
2BobManager

ဒီ employees Table မှာ ID 1, Name Alice, Position Director ဆိုတဲ့ အလျားလိုက် အတန်းတစ်တန်းလုံးကို Record (Row) လို့ ခေါ်ဆိုပါတယ်။