n8n ထည့်သွင်းခြင်းနှင့် Setup
n8n ကို ဘယ်လို Run မလဲ?
Section titled “n8n ကို ဘယ်လို Run မလဲ?”n8n ကို (၃) မျိုး Run လို့ ရပါတယ် -
- npx / npm — Local Development (အလွယ်ဆုံး)
- Docker — Isolated Environment
- n8n Cloud — Managed Service (Credit Card လိုအပ်သည်)
Beginner တွေအနေနဲ့ npx ကို သုံးဖို့ အကြံပြုပါတယ်။
Option 1: npx ဖြင့် စတင်ခြင်း (အမြန်ဆုံး)
Section titled “Option 1: npx ဖြင့် စတင်ခြင်း (အမြန်ဆုံး)”လိုအပ်ချက်
Section titled “လိုအပ်ချက်”- Node.js version 18.17+ ထည့်ထားဖို့ လိုပါတယ်။
Node.js ရှိ/မရှိ စစ်ကြည့်ပါ -
node --version# v20.11.0 လိုမျိုး Output ထွက်ရပါမယ်မရှိသေးရင် nodejs.org ကနေ Download လုပ်ပြီး Install လုပ်နိုင်ပါတယ်။
n8n ကို Run ခြင်း
Section titled “n8n ကို Run ခြင်း”npx n8nပထမဆုံး Run ရင် n8n ကို Download ဆွဲပြီး အလိုအလျောက် စတင်ပေးသွားမှာပါ။
Terminal မှာ ဒီလို Output မြင်ရရင် အောင်မြင်ပါပြီ -
n8n ready on 0.0.0.0, port 5678Editor is now accessible via:http://localhost:5678Browser ဖွင့်ပြီး http://localhost:5678 ကို သွားပါ။
Option 2: Docker ဖြင့် Run ခြင်း
Section titled “Option 2: Docker ဖြင့် Run ခြင်း”Docker သုံးတတ်ရင်တော့ ပိုစနစ်ကျပါတယ် -
docker run -it --rm \ --name n8n \ -p 5678:5678 \ -v ~/.n8n:/home/node/.n8n \ docker.n8n.io/n8nio/n8n| Flag | ရည်ရွယ်ချက် |
|---|---|
-p 5678:5678 | Port ချိတ်ဆက်ရန် |
-v ~/.n8n:/home/node/.n8n | Data သိမ်းဆည်းရန် Volume |
--rm | Container ပိတ်ရင် ဖျက်ပစ်ရန် |
Option 3: npm global install
Section titled “Option 3: npm global install”npm install -g n8nn8n startn8n ကို ပထမဆုံး ဖွင့်ရာတွင်
Section titled “n8n ကို ပထမဆုံး ဖွင့်ရာတွင်”Browser ကနေ http://localhost:5678 ကို သွားလိုက်ရင် Owner Account Setup Screen ပေါ်လာပါမယ်။ အဲဒီမှာ Admin User တစ်ဦး ဖန်တီးရမှာပါ -
- First Name, Last Name, Email နဲ့ Password ထည့်ပါ။
- “Get Started” ကို နှိပ်ပါ။
n8n Interface Overview
Section titled “n8n Interface Overview”Login ဝင်ပြီးတာနဲ့ Main Dashboard ကို မြင်ရပါပြီ။ Left Sidebar မှာ Navigation Menu ရှိပြီး Main Area မှာ Workflows တွေကို ပြသပေးမှာပါ။
Sidebar Navigation
Section titled “Sidebar Navigation”| Menu | ရည်ရွယ်ချက် |
|---|---|
| Workflows | Automation Workflows တွေကို ကြည့်ရန် / ဖန်တီးရန် |
| Templates | Built-in Templates များ ရှာဖွေရန် |
| Credentials | API Keys နဲ့ Passwords လုံခြုံစွာ သိမ်းဆည်းရန် |
| Executions | Workflow အလုပ်လုပ်ခဲ့တဲ့ History ကြည့်ရန် |
| Settings | n8n Configuration ပြင်ဆင်ရန် |
Workflow Editor ကို ဖွင့်ကြည့်ခြင်း
Section titled “Workflow Editor ကို ဖွင့်ကြည့်ခြင်း””+ New Workflow” ကို နှိပ်ပါ။ Editor ရဲ့ ဘယ်ဘက်က Node Panel မှာ Apps တွေကို ရှာဖွေနိုင်ပြီး Canvas ပေါ်ကို Drag ဆွဲယူပြီး ထည့်နိုင်ပါတယ်။
Workflow Editor ၏ အဓိကနေရာ (၃) ခု
Troubleshooting
Section titled “Troubleshooting”Port 5678 Already in Use
Section titled “Port 5678 Already in Use”# Port သုံးနေတဲ့ Process ကို ရှာရန်lsof -i :5678 # macOS / Linuxnetstat -ano | findstr :5678 # Windows
# Port ပြောင်းပြီး Run ချင်ရင်N8N_PORT=5679 npx n8nPermission Error (Linux/macOS)
Section titled “Permission Error (Linux/macOS)”# n8n Data Folder Permission ပြင်ရန်mkdir -p ~/.n8nchmod 700 ~/.n8nဆက်ပြီးတော့ Core Concepts တွေကို လေ့လာကြပါမယ် ခင်ဗျာ။