Skip to content
GitHub

စစ်ထုတ်ခြင်း (WHERE Clause)

SELECT နဲ့ Data တွေ အားလုံးကို ဆွဲထုတ်ယူလို့ ရတာ မှန်ပေမဲ့၊ လက်တွေ့ လုပ်ငန်းခွင်မှာတော့ ကိုယ်ရှာချင်တဲ့ Data တွေ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ ကိုက်ညီတဲ့ Data တွေကိုပဲ သီးသန့် စစ်ထုတ် (Filter) ပြီး ယူလေ့ရှိပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ WHERE ကို သုံးရပါတယ်။

အခြေခံ WHERE ရေးနည်း

Section titled “အခြေခံ WHERE ရေးနည်း”

WHERE ဆိုတာ “ဘယ်လို အခြေအနေ (Condition) နဲ့ ကိုက်ညီတဲ့ အခါမှာ” ဆိုတာမျိုး ခိုင်းစေတာပါ။

ဥပမာ - users Table ထဲကနေ age (အသက်) ၂၀ ထက် ကြီးတဲ့ User တွေကိုပဲ ရွေးပြီး ရှာပြချင်တယ် ဆိုပါစို့။

SELECT * FROM users
WHERE age > 20;

(အဓိပ္ပာယ်: users Table ထဲကနေ အသက် ၂၀ ထက်ကျော်တဲ့ လူတွေရဲ့ အချက်အလက် အားလုံး * ကို ထုတ်ပြပေးပါ)

အသုံးများတဲ့ Operators တွေက ဘာတွေလဲ?

Section titled “အသုံးများတဲ့ Operators တွေက ဘာတွေလဲ?”

WHERE နဲ့ တွဲသုံးလေ့ရှိတဲ့ အခြေခံ သင်္ချာ သင်္ကေတလေးတွေ (Operators) ဖြစ်ပါတယ်။

  • = : ညီမျှတယ် (ဥပမာ - WHERE city = 'Yangon')
  • > : ပိုကြီးတယ် / ပိုများတယ် (ဥပမာ - WHERE price > 100)
  • < : ပိုငယ်တယ် / ပိုနည်းတယ် (ဥပမာ - WHERE price < 50)
  • >= : ကြီးတယ် (သို့) ညီတယ်
  • <= : ငယ်တယ် (သို့) ညီတယ်
  • <> (သို့) != : မညီဘူး / မတူဘူး (ဥပမာ - WHERE city != 'Mandalay')

AND, OR, NOT အသုံးပြုနည်း

Section titled “AND, OR, NOT အသုံးပြုနည်း”

အခြေအနေ (Condition) တစ်ခုထက်မက ပေါင်းစပ်ပြီး ရှာချင်တဲ့ အခါမျိုးမှာ သုံးပါတယ်။

သတ်မှတ်ထားတဲ့ အခြေအနေ အားလုံး မှန်ကန်မှ (ပြည့်စုံမှ) Data ကို ထုတ်ပေးပါမယ်။

SELECT * FROM users
WHERE age > 18 AND city = 'Yangon';

(အဓိပ္ပာယ်: အသက်လည်း ၁၈ ထက် ကြီးရမယ်၊ နေတဲ့ မြို့ကလည်း Yangon ဖြစ်ရမယ်။ နှစ်ခုလုံး မှန်မှ ပြပေးမယ်)

သတ်မှတ်ထားတဲ့ အခြေအနေတွေထဲက တစ်ခုခု မှန်သွားရင် (ပြည့်စုံရင်) ရပါပြီ။

SELECT * FROM users
WHERE city = 'Yangon' OR city = 'Mandalay';

(အဓိပ္ပာယ်: ရန်ကုန်က User ဖြစ်ဖြစ်၊ မန္တလေးက User ဖြစ်ဖြစ် အကုန် ထုတ်ပြပေးမယ်)

မိမိ မလိုချင်တဲ့၊ ဖယ်ထုတ်ချင်တဲ့ အခါမျိုးမှာ သုံးပါတယ်။

SELECT * FROM users
WHERE NOT city = 'Yangon';

(အဓိပ္ပာယ်: ရန်ကုန်မြို့က လွဲပြီး တခြားမြို့က လူတွေ အကုန်လုံးကို ထုတ်ပြပေးမယ်)

ဒီလောက်ဆိုရင်တော့ WHERE ကို သုံးပြီး Data တွေကို ကိုယ်လိုချင်သလို သေချာ စစ်ထုတ် (Filter) တတ်ပြီလို့ ယုံကြည်ပါတယ်။ နောက်သင်ခန်းစာမှာတော့ ရလာတဲ့ Data တွေကို သေသပ်အောင် အစဉ်လိုက် စီစဉ်တဲ့ အပိုင်းကို ဆက်သွားပါမယ် ခင်ဗျာ။