MongoDB ဆိုတာ ဘာလဲ? (What is MongoDB?)
Web Development ခေတ်သစ်မှာ NoSQL Database တွေက အရမ်းခေတ်စားလာပါတယ်။ အဲ့ဒီအထဲမှာ အသုံးအများဆုံးနဲ့ နာမည်အကြီးဆုံးကတော့ MongoDB ပါပဲ။
NoSQL ဆိုတာ ဘာလဲ?
Section titled “NoSQL ဆိုတာ ဘာလဲ?”အရင်က သင်ခဲ့တဲ့ SQL (MySQL, PostgreSQL) တွေမှာ ဒေတာတွေကို Table (ဇယား) တွေနဲ့ သိမ်းပါတယ်။ Column တွေ၊ Row တွေ စနစ်တကျ ရှိရတယ်။ NoSQL မှာတော့ အဲ့လို တင်းကျပ်တဲ့ ဇယားတွေ မရှိတော့ပါဘူး။ ဒေတာကို ပုံစံအမျိုးမျိုးနဲ့ သိမ်းလို့ရတဲ့ “ကန့်သတ်ချက်လျော့ရဲတဲ့” Database မျိုးစုံကို NoSQL လို့ခေါ်တာပါ။
MongoDB ဘယ်လို အလုပ်လုပ်လဲ?
Section titled “MongoDB ဘယ်လို အလုပ်လုပ်လဲ?”MongoDB ဟာ Document-based လို့ခေါ်တဲ့ NoSQL အမျိုးအစားဖြစ်ပါတယ်။ သူက ဒေတာတွေကို Excel ဇယားလို မသိမ်းဘဲ JSON (JavaScript Object Notation) ပုံစံမျိုးနဲ့ သိမ်းပါတယ်။
{ "name": "အောင်အောင်", "age": 25, "skills": ["HTML", "CSS", "React"], "address": { "city": "Yangon", "township": "Hledan" }}ကြည့်ရတာ JavaScript Object နဲ့ အတူတူပါပဲ။ ဒါကြောင့်လည်း JavaScript / Node.js တွေနဲ့ တွဲသုံးရတာ အရမ်းအဆင်ပြေပါတယ်။
ဘာလို့ MongoDB ကို သုံးတာလဲ?
Section titled “ဘာလို့ MongoDB ကို သုံးတာလဲ?”- Flexibility (ပြောင်းလွယ်ပြင်လွယ်ရှိခြင်း): SQL လို Column တွေ ကြိုကြေညာထားစရာ မလိုပါဘူး။ User တစ်ယောက်မှာ Phone Number ပါပြီး အခြားတစ်ယောက်မှာ မပါလည်း ပြဿနာမရှိပါဘူး။
- Easy to Scale: Data တွေ အရမ်းများလာတဲ့အခါ Server တစ်လုံးတည်းမှာ ထားဖို့မလွယ်ပါဘူး။ MongoDB က Server တွေ အများကြီးခွဲပြီး သိမ်းဖို့ (Sharding) လွယ်ကူပါတယ်။
- Developer Friendly: Code ရေးတဲ့အခါ (အထူးသဖြင့် JS) Data ပုံစံ ထပ်တူကျလို့ ရေးရတာ ပိုမြန်ဆန်ပါတယ်။