Component-Based Architecture ရဲ့ အားသာချက်များ
Component-Based Architecture ကို ဘာကြောင့် လူကြိုက်များရတာလဲ? အဓိက အားသာချက် (၄) ချက် ရှိပါတယ်။
1. ပြန်လည်အသုံးပြုနိုင်ခြင်း (Reusability)
Section titled “1. ပြန်လည်အသုံးပြုနိုင်ခြင်း (Reusability)”ဒါက အထင်ရှားဆုံး အားသာချက်ပါ။ Button Component တစ်ခု ရေးထားပြီးရင်၊ Login page မှာလည်း သုံးလို့ရသလို၊ Register page မှာလည်း သုံးလို့ရပါတယ်။ Payment page မှာလည်း သုံးလို့ရပါတယ်။
Code တွေ ထပ်ခါထပ်ခါ ရေးနေစရာ မလိုတော့ပါဘူး။ “Write Once, Use Everywhere” ပါ။
2. ပြုပြင်ထိန်းသိမ်းရ လွယ်ကူခြင်း (Maintainability)
Section titled “2. ပြုပြင်ထိန်းသိမ်းရ လွယ်ကူခြင်း (Maintainability)”ဆိုပါစို့… Website တစ်ခုလုံးမှာ ရှိတဲ့ Button တွေကို အပြာရောင် ကနေ အနီရောင် ပြောင်းချင်တယ်။
- Old Way: HTML file တိုင်းကို လိုက်ဖွင့်၊ Button Code တွေ လိုက်ရှာပြီး အရောင်လိုက်ပြောင်းရမယ်။ (အခု ၁၀၀ ရှိရင် အခါ ၁၀၀ ပြင်ရမယ်)
- Component Way:
ButtonComponent ဖိုင်တစ်ခုတည်းကို ဖွင့်၊ အရောင်ပြောင်းလိုက်တာနဲ့ တခြားနေရာ အားလုံးမှာ အလိုလို လိုက်ပြောင်းသွားမယ်။
3. သီးခြားခွဲထုတ်ထားခြင်း (Encapsulation)
Section titled “3. သီးခြားခွဲထုတ်ထားခြင်း (Encapsulation)”Component တစ်ခုဟာ သူ့ကမ္ဘာနဲ့သူ ရှိပါတယ်။ Navbar Component ထဲက CSS က Footer Component ကို သွားပြီး သက်ရောက်မှု မရှိပါဘူး။
အရင်တုန်းက CSS file တစ်ခုတည်းမှာ အကုန်ရေးရင် class name တွေ တူပြီး ဒီဇိုင်းတွေ ပျက်စီးတတ်ပါတယ်။ Component တွေကတော့ ကိုယ့်စည်း ကိုယ့်ဘောင်နဲ့မို့လို့ ပိုပြီး စိတ်ချရပါတယ်။
4. ပူးပေါင်းဆောင်ရွက်ရ လွယ်ကူခြင်း (Collaboration)
Section titled “4. ပူးပေါင်းဆောင်ရွက်ရ လွယ်ကူခြင်း (Collaboration)”Team နဲ့ အလုပ်လုပ်တဲ့အခါ အရမ်း အဆင်ပြေပါတယ်။
- Developer A က
Headerကို ရေးနေချိန်မှာ - Developer B က
Sidebarကို ရေးလို့ရတယ်။ - Developer C က
Contentကို ရေးလို့ရတယ်။
ဖိုင်တစ်ခုတည်းမှာ လူတွေ ဝိုင်းရေးပြီး Code တွေ ငြိတာ (Merge Conflict) မျိုးတွေ သက်သာသွားပါတယ်။