Security & Privacy (လုံခြုံရေးနှင့် သတိပြုစရာများ)
1. Don’t Paste Secrets (လျှို့ဝှက်ချက်များ မထည့်ရ)
Section titled “1. Don’t Paste Secrets (လျှို့ဝှက်ချက်များ မထည့်ရ)”- API Keys: AWS Key, Database Password တွေကို Chatbox ထဲ လုံးဝ (လုံးဝ) မထည့်ပါနဲ့။ AI က အဲ့ဒါတွေကို မှတ်ထားနိုင်ပါတယ်။
- PII (Personal Data): User တွေရဲ့ ဖုန်းနံပါတ်၊ မှတ်ပုံတင် နံပါတ်တွေကို မထည့်ပါနဲ့။
- Proprietary Code: Company ရဲ့ အရမ်းအရေးကြီးတဲ့ Algorithm တွေကို Public AI (Free ChatGPT) မှာ သွားမစစ်ပါနဲ့။ Enterprise Version သုံးပါ။
2. Hallucinations (လျှောက်ပြောခြင်း)
Section titled “2. Hallucinations (လျှောက်ပြောခြင်း)”AI ပေးတဲ့ Code တိုင်းကို မျက်စိမှိတ် မယုံပါနဲ့။
- မရှိတဲ့ Library တွေကို သုံးခိုင်းတတ်ပါတယ်။ (Package Hallucination)
- လုံခြုံရေး အားနည်းတဲ့ Code တွေ ပေးတတ်ပါတယ်။
3. Code Ownership
Section titled “3. Code Ownership”AI ရေးပေးတဲ့ Code က ဘယ်သူပိုင်လဲ? လက်ရှိမှာတော့ AI ရေးတဲ့ Code ကို Copyright ယူလို့ မရသေးပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်မှာ သုံးဖို့အတွက်ကတော့ ပြဿနာ မရှိပါဘူး။