Skip to content
GitHub

Container Scroll State Queries

Container တစ်ခုကို container-type: scroll-state လို့ သတ်မှတ်ပြီး၊ အတွင်းက Element တွေကို @container နဲ့ ဖမ်းရေးရပါတယ်။

.scroll-container {
overflow-y: auto;
container-type: scroll-state; /* Scroll state ကို စောင့်ကြည့်မယ် */
}
.sticky-header {
position: sticky;
top: 0;
padding: 1rem;
background: white;
transition: box-shadow 0.3s;
}
/* Container က Scroll လုပ်နေတဲ့ အချိန် (ထိပ်ဆုံးမှာ မဟုတ်တော့ရင်) */
@container scroll-state(stuck: top) {
.sticky-header {
box-shadow: 0 2px 10px rgba(0,0,0,0.1); /* Shadow လေး ပေါ်လာမယ် */
background: rgba(255, 255, 255, 0.9);
}
}

Query လုပ်နိုင်သော State များ

Section titled “Query လုပ်နိုင်သော State များ”
  • scroll-state(stuck: top): Sticky element က အပေါ်မှာ ကပ်နေချိန်။
  • scroll-state(stuck: bottom): Sticky element က အောက်မှာ ကပ်နေချိန်။
  • scroll-state(snapped: x): Scroll snap point တစ်ခုခုမှာ ရပ်နေချိန်။
  • scroll-state(overflowing: block): Content တွေ များလွန်းလို့ Scroll bar ပေါ်နေချိန်။