Advanced CSS မိတ်ဆက်
ဘာတွေ လေ့လာရမလဲ?
Section titled “ဘာတွေ လေ့လာရမလဲ?”၁။ Core Logic & Functions (အခြေခံ ယုတ္တိနဲ့ လုပ်ဆောင်ချက်များ)
Section titled “၁။ Core Logic & Functions (အခြေခံ ယုတ္တိနဲ့ လုပ်ဆောင်ချက်များ)”အရင်တုန်းက CSS ဆိုတာ အရောင်ခြယ်ရုံ သက်သက်လို့ ထင်ခဲ့ကြပေမယ့်၊ အခုအခါမှာတော့ တကယ့် Programming Language တွေလိုပဲ Logic တွေ (ဥပမာ - if() စစ်တာမျိုး)၊ Function တွေ တိုက်ရိုက် ရေးလို့ ရလာပါပြီ။
if()Function (အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲခြင်း)- Custom Functions (မိမိကြိုက်နှစ်သက်ရာ ဖန်တီးခြင်း)
- Sibling Functions (
sibling-count(),sibling-index()) (ညီအစ်ကို မောင်နှမ Element တွေကို ရေတွက်ခြင်း) - Stepped Value Functions (
round(),mod(),rem())
၂။ Layout & Sizing (နေရာချထားခြင်းနှင့် အရွယ်အစား ညှိခြင်း)
Section titled “၂။ Layout & Sizing (နေရာချထားခြင်းနှင့် အရွယ်အစား ညှိခြင်း)”Website Layout တွေကို ပိုမို လွယ်ကူပြီး၊ ဝင်ကြည့်တဲ့ Screen အရွယ်အစားပေါ် မူတည်ပြီး အလိုအလျောက် ပြောင်းလဲနိုင်အောင် (Dynamic ဖြစ်အောင်) တည်ဆောက်နည်းများ။
field-sizing(စာရိုက်ရင် ရိုက်သလောက် အလိုအလျောက် ကျယ်လာမယ့် Input များ)interpolate-size(Auto Size တွေကြားမှာ ချောမွေ့စွာ ပြောင်းလဲခြင်း)- Container Scroll State Queries (Scroll ဆွဲတဲ့ အခြေအနေကို သိရှိခြင်း)
- Anchor Positioning (Element တစ်ခုကို နောက်တစ်ခုနဲ့ ချိတ်ဆက် နေရာချခြင်း)
၃။ Visuals & UI Components (အမြင်ပိုင်းဆိုင်ရာ ဖန်တီးမှုများ)
Section titled “၃။ Visuals & UI Components (အမြင်ပိုင်းဆိုင်ရာ ဖန်တီးမှုများ)”UI Component တွေကို ပိုမို လှပသပ်ရပ်ပြီး ဆွဲဆောင်မှု ရှိအောင် ဖန်တီးနည်းများ။
- Customizable
<select>(စိတ်ကြိုက် ပြင်ဆင်နိုင်သော Dropdown များ) corner-shape(Squircles - ထောင့်ဝိုင်းပုံစံ အသစ်များ)- Scroll Markers (Scroll ဆွဲတဲ့ နေရာကို ပြသပေးခြင်း)
- View Transitions (စာမျက်နှာ ကူးပြောင်းရာတွင် လှပသော Animation များ)
၄။ Advanced Developer Ergonomics (ရေးသားရ လွယ်ကူစေသော စနစ်များ)
Section titled “၄။ Advanced Developer Ergonomics (ရေးသားရ လွယ်ကူစေသော စနစ်များ)”Code တွေကို ပိုမို စနစ်တကျ ဖြစ်အောင်နဲ့ နောက်ပိုင်းမှာ ပြုပြင်ထိန်းသိမ်းရ (Maintain လုပ်ရ) လွယ်ကူအောင် ရေးသားနည်းများ။
@property(Type သတ်မှတ်နိုင်သော Custom Variables များ)- Cascade Layers (
@layer) (စတိုင်များ၏ အရေးပါမှု အဆင့်အတန်း သတ်မှတ်ခြင်း) - Enhanced
attr()(HTML Attribute များကို ပိုမို အသုံးချခြင်း)