Enhanced attr() Function
အသုံးပြုပုံ
Section titled “အသုံးပြုပုံ”HTML ထဲမှာ ရေးထားတဲ့ တန်ဖိုး (Attributes) တွေကို CSS ကနေ တိုက်ရိုက် လှမ်းယူပြီး Style အဖြစ် ပြောင်းလဲ အသုံးချလို့ ရသွားပါတယ်။
<div class="grid" data-columns="3" data-gap="20px"> <!-- Items များကို ဒီနေရာမှာ ထည့်ပါ --></div>.grid { display: grid;
/* HTML ထဲက 'data-columns' ရဲ့ တန်ဖိုး (၃) ကို နံပါတ်အနေနဲ့ လှမ်းယူမယ် */ grid-template-columns: repeat(attr(data-columns type(<number>), 1), 1fr);
/* HTML ထဲက 'data-gap' ရဲ့ တန်ဖိုး (20px) ကို အရှည်အတိုင်းအတာ (length) အနေနဲ့ ယူမယ် */ gap: attr(data-gap type(<length>), 10px);}ဘာတွေ ပိုကောင်းသွားလဲ?
Section titled “ဘာတွေ ပိုကောင်းသွားလဲ?”- Dynamic Styling: CSS ဖိုင်ထဲကို သွားပြင်နေစရာ မလိုဘဲ၊ HTML ဘက်ကနေပဲ Attribute တွေ ပြောင်းပြီး Style တွေကို အလွယ်တကူ ထိန်းချုပ်လို့ ရသွားပါတယ်။
- Component Libraries: React သို့မဟုတ် Vue လိုမျိုး Component တွေ ရေးတဲ့အခါ၊ Props တွေကို CSS Variable အနေနဲ့ တစ်ဆင့်ခံ ပို့ပေးနေစရာ မလိုတော့ဘဲ HTML Attribute အနေနဲ့ တိုက်ရိုက် ပို့ပေးလို့ ရသွားတဲ့အတွက် Code ပိုရှင်းသွားပါတယ်။