ကျွန်ုပ်တို့ အကြောင်း

မြန်မာ developers များအတွက် အရည်အသွေးမြင့် programming ပညာရပ်များကို မိခင်ဘာသာစကားဖြင့် လွယ်ကူစွာ နားလည်နိုင်စေရန် ရည်ရွယ်ပါသည်

Our Mission

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

ဘာသာစကားဆိုင်ရာ အတားအဆီး အနည်းနဲ့အများ ရှိနေတာကြောင့် နက်နဲတဲ့ နည်းပညာဆိုင်ရာ ဗဟုသုတတွေကို လေ့လာတဲ့အခါ အခက်အခဲတချို့ ကြုံတွေ့နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ မိခင်ဘာသာစကားနဲ့ လေ့လာခြင်းက များစွာ အထောက်အကူပြုပါလိမ့်မယ်။

နည်းပညာ ဆိုင်ရာ အသိပညာများကို လူတိုင်းလက်လှမ်းမီနိုင်စေရန်နှင့် ရိုးရှင်းလွယ်ကူစွာ နားလည်နိုင်စေရန် ရည်ရွယ်၍ ဤ platform ကို ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။

ပညာရေး

အရည်အသွေးမြင့် ပညာရပ်များကို လက်လှမ်းမီအောင် ဖန်တီးပေးခြင်း

ဘာသာစကား

မြန်မာဘာသာဖြင့် နက်နက်နဲနဲ နားလည်နိုင်အောင် ရှင်းပြခြင်း

အခမဲ့

ငွေကြေးအတားအဆီးမရှိဘဲ လူတိုင်းအတွက် ဖွင့်လှစ်ထားခြင်း

ခေတ်မီ

ခေတ်မီ နည်းပညာများကို အချိန်နှင့်တပြေးညီ မျှဝေခြင်း

Our Journey

ဘယ်လို စတင်ခဲ့သလဲ

Step 1

စတင်ခြင်း

မြန်မာ developers များအတွက် အရည်အသွေးမြင့် နည်းပညာဆိုင်ရာ အကြောင်းအရာများကို မိခင်ဘာသာစကားဖြင့် လွယ်ကူစွာ နားလည်နိုင်စေရန် အတွက် စဉ်းစားမိခဲ့ပါသည်။

Step 2

ပထမဆုံး စမ်းသပ်မှု

WebSocket နှင့် Advanced TypeScript စသော ခက်ခဲသော နည်းပညာများကို ရှင်းလင်းသော မြန်မာဘာသာဖြင့် စတင်ရေးသားရန် ဆုံးဖြတ်ခဲ့ပါသည်။

Step 3

လက်ရှိ အခြေအနေ

ယခုအခါ ကျွန်ုပ်တို့သည် ပိုမို တိုးချဲ့လာနိုင်ခဲ့ပြီး မြန်မာ developers များအတွက် နည်းပညာဆိုင်ရာ ရင်းမြစ်တစ်ခု ဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။

Step 4

အနာဂတ် အစီအစဉ်များ

နောက်ထပ် နည်းပညာဆိုင်ရာ အကြောင်းအရာများ၊ interactive tutorials များ၊ Blogs နှင့် community platform အဖြစ် ချဲ့ထွင်ရန် စီစဉ်ထားပါသည်။

Our Values

ကျွန်ုပ်တို့ ယုံကြည်သော အရာများ

နည်းပညာဆိုင်ရာ ပညာရေးတွင် ကျွန်ုပ်တို့ ခိုင်မာစွာ လိုက်နာသော အခြေခံမူများ

ရိုးရှင်းမှု

ခက်ခဲသော သဘောတရားများကို ရိုးရှင်းစွာ ရှင်းပြခြင်းဖြင့် နားလည်မှုကို မြှင့်တင်ပေးခြင်း

ဘာသာစကား ကူးပြောင်းမှု

မြန်မာဘာသာဖြင့် ရှင်းလင်းရာတွင် အဓိပ္ပာယ်ပျက်ယွင်းမှု မရှိအောင် ဂရုတစိုက် ပြုလုပ်ခြင်း

လက်တွေ့အသုံးချနိုင်မှု

သီအိုရီသက်သက်မဟုတ်ဘဲ လက်တွေ့အသုံးဝင်သော ဥပမာများနှင့် ချဉ်းကပ်နည်းများကို ဦးစားပေးခြင်း

အရည်အသွေး

အရည်အသွေးမြင့် အကြောင်းအရာများကို ဖန်တီးရန် အမြဲတမ်း ကြိုးပမ်းခြင်း

လူတိုင်းလက်လှမ်းမီမှု

Beginners တွေအတွက် Programming ပညာရပ်များကို အလွယ်တကူ ထိတွေ့နိုင်ရန်

စဉ်ဆက်မပြတ် တိုးတက်မှု

အကြောင်းအရာများနှင့် platform ကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း

Our Team

ကျွန်ုပ်တို့ အဖွဲ့

Wai Yan Phyo Aung

ဝေယံဖြိုးအောင်

Founder, Main Instructor & Lead Developer

Phu Myat Thwe

ဖူးမြတ်သွယ်

Sub Instructor & Backend Developer

အခမဲ့ ပညာရေးကို ထောက်ပံ့ပါ

ကျွန်ုပ်တို့သည် အဓိက အကြောင်းအရာများကို အခမဲ့ဖြစ်အောင် ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိပါသည်။ သင်၏ ကူညီထောက်ပံ့မှုသည် ဤ platform ကို ဆက်လက်တည်တံ့စေရန် အထောက်အကူ ဖြစ်စေပါသည်။

GitHub Star ပေးခြင်း
အခြားသူများကို မျှဝေခြင်း

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ

မေးခွန်းများ၊ အကြံပြုချက်များ သို့မဟုတ် ပူးပေါင်းပါဝင်လိုပါက ဆက်သွယ်နိုင်ပါသည်။